မြန်မာနှင့်ပတ်သက်၍ ဖိလစ်ပိုင်အစိုးရက ၎င်းတို့နိုင်ငံသားများအတွက် ထုတ်ပြန်ထားသည့် သတိပေးချက်ကို အဆင့်လျှော့ချပေးဖွယ် ရှိ

မြန်မာနှင့်ပတ်သက်၍ ဖိလစ်ပိုင်အစိုးရက ၎င်းတို့နိုင်ငံသားများအတွက် ထုတ်ပြန်ထားသည့် သတိပေးချက်ကို အဆင့်လျှော့ချပေးဖွယ် ရှိ

ဖိလစ်ပိုင်အစိုးရသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံသားများအတွက် ထုတ်ထားသည့် သတိပေးချက်လယ်ဗယ် သတ်မှတ်ချက်ကို အဆင့်လျှော့ချပေးဖွယ် ရှိပြီး ထိုသို့ အဆင့်လျှော့ချပါက ဖိလစ်ပိုင်အလုပ်သမားများအနေဖြင့် ၂၀၂၁ ၊ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုဖြစ်ထားသည့် မြန်မာနိုင်ငံသို့ ပြန်သွားခွင့်ရလိမ့်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန (DFA) မှ အရာရှိတစ်ဦးက ဇွန်လ ၂၉ ရက်တွင် ပြောသည်။

သတိပေးချက်လယ်ဗယ် သတ်မှတ်ချက်ကို အဆင့်လျှော့ချပေးရန် တောင်းဆိုထားသော ရန်ကုန်ရှိ ဖိလစ်ပိုင်အလုပ်သမားများနှင့် ဇူလိုင် ၁ ရက်တွင် တွေ့ဆုံရန် ရှိကြောင်း DFA မှ ရွှေ့ပြောင်းလုပ်သားရေးရာ အရာရှိ အက်ဒွာဒို ဒီ ဗီဂါက ပြောသည်။

“သတိပေးချက်အဆင့် လျှော့ချမယ့် ဖြစ်နိုင်ခြေအလားအလာလား။ ဒါနဲ့ပတ်သက်လို့ အခွင့်အလမ်းကောင်းတစ်ခုတော့ ရှိတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဘာအာမခံချက်မှ ပေးလို့တော့ မရဘူး။ ဒါပေမယ့်လည်း အဲဒီမှာ အခြေအနေက ကောင်းတယ်လို့ ကျွန်တော်တို့ မြင်ရရင်တော့ သတိပေးချက်လယ်ဗယ်ကို အဆင့်လျှော့ချပေးနိုင်မယ့် ဖြစ်နိုင်ခြေအလားအလာ ရှိတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

သတိပေးချက်အဆင့် လျှော့ချပါက မြန်မာနိုင်ငံအတွက် ခိုင်လုံတရားဝင်သည့် အလုပ်လုပ်ကိုင်မှု ဗီဇာများ ရှိသော ဖိလစ်ပိုင်အလုပ်သမားများအနေဖြင့် ပြန်သွားခွင့်ရနိုင်ကြောင်း ဒီ ဗီဂါက ပြောသည်။

“တကယ်လို့ သတိပေးချက် အဆင့်လျှော့ချရင်တော့ အဲဒီမှာ တရားဝင် အလုပ်ဗီဇာတွေ ရှိသူတွေအနေနဲ့ ပြန်သွားနိုင်မှာပါ။ သူတို့ မြန်မာနိုင်ငံကို သွားတာကို တားမြစ်ပိတ်ပင်မှာ မဟုတ်ပါဘူး”
မြန်မာတွင် ပြီးခဲ့သည့် နှစ်နှစ်အကြာက ရွေးကောက်ခံ အစိုးရတစ်ရပ်ကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီးနောက်ပိုင်းတွင်တောင်မှ ဖိလစ်ပိုင်နိုင်ငံသား ၄၀၀ ကျော်သည် မြန်မာတွင် ဆက်လက်အလုပ်လုပ်ကိုင်နေကြသည်။

သတိပေးချက်လယ်ဗယ် အဆင့်( ၄ )အောက်တွင် မူလမိခင်နိုင်ငံသို့ ပြန်ရခြင်းကို မဖြစ်မနေ လုပ်ရရန် ရှိပြီး သတိပေးချက်ထုတ်ခြင်းခံရသည့် နိုင်ငံသို့ အလုပ်အကိုင်အမျိုးအစားစုံအောက်ရှိ ဖိလစ်ပိုင်အလုပ်သမားများအား စေလွှတ်ခြင်းအပေါ် တားမြစ်ပိတ်ပင်သည်။

PH gov't likely to lower alert level in Myanmar: official
https://news.abs-cbn.com/news/06/29/23/ph-govt-likely-to-lower-alert-lev...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly