မန္တလေးသင်္ကြန် သံချပ် လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးမည်

မန္တလေးသင်္ကြန် သံချပ် လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးမည်
ဓာတ်ပုံ- စိန်မွတ္တား

 မန္တလေး၊ ဧပြီ ၁ ။      ။ မန္တလေးသြင်္ကန်တွင် သံချပ်ဖြင့်ပတ်သက်၍ မည်သည့်အကြောင်းအရာမှ ဖြတ်တောက်သွားမှာမဟုတ်ဘဲ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးသွားမည်ဟု သံချပ်အကဲဖြတ်ခေါင်းဆောင် အကယ်ဒမီစိန်မွတ္တားကပြောသည်။

"ကျွန်တော့်ဆန္ဒအရ သံချပ်ကိုပြည်သူ့အသံလို့ သဘောပေါက်တယ်။ ဘာမှတည်ဖြတ်သွားမှာမဟုတ်ပါဘူး ။ ပွင့်လင်းစွာလွှတ်ပေးသွားမှာဖြစ်ပါတယ်။ တစ်ခုတော့ရှိတယ် ပုဂ္ဂိုလ်ရေးရာနဲ့   နိုင်ငံတကာချစ်ကြည်ရေး ပျက်ပြားစေမယ့် အသုံးနှုန်းကိုတော့ မေတ္တာရပ်ခံပါတယ်။"ဟု အကယ်ဒမီစိန်မွတ္တား ကပြောသည်။

သံချပ်အကဲဖြတ်အဖွဲ့ကို ယနေ့ ဧပြီ ၁ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် သြင်္ကန်ညှိုနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်းဖြစ်သည်ဟု အကယ်ဒမီ စိန်မွတ္တားကဆိုသည်။

အဆိုပါအဖွဲ့တွင် ခေါင်းဆောင်အဖြစ် အကယ်ဒမီစိန်မွတ္တား၊ အဖွဲ့ဝင်များအဖြစ် တိုင်းသဘင်အစည်းရုံး ဥက္ကဌ ဦးစိန်မောင်း၊ တိုင်းသဘင် ကော်မတီဝင် ဦးပေါက်ကျိုင်း၊ ၊ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးဉာဏ်ဝင်း ၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းရုံး ဒုတိယ ဥက္ကဌ ဦးနေဝင်း တို့ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly