နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈  ဇွန်  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈  ဇွန်  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုမဟုတ်ဘဲ ရာဇဝတ်မှုမြောက်သည့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ငန်းရှင်များအနေဖြင့် အထူးရှောင်ရှားရန် ဆက်လက်ကျူးလွန်နေလျှင် ထိရောက်စွာဟန့်တားမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့မှာရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇွန် ၂၇ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို ဇွန် ၂၇ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီ နှင့်  အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့ ဇွန် ၂၆ ရက်မှာ ဗီဒီယို ကွန်ဖရင့်က တဆင့် တွေ့ဆုံခဲ့ကြပြီး စစ်ဘေးရှောင် ပြည်သူ များအား ထိရောက်စွာ ကူညီထောက်ပံ့နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ 

  • အမေရိကန်နှင့် အိန္ဒိယ ပူးတွဲထုတ်ပြန်ချက် အပိုဒ် (၃၀) တွင် ပါရှိသည့် တရားမဝင် အာဏာသိမ်း စစ်ကောင် စီက ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်အား ဖော်ဆောင်နိုင်မည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးစသည့် တောင်းဆို ချက်များကို မိမိတို့ ထောက်ခံကြိုဆိုကြောင်း CRPH ကထုတ်ပြန်သည်။ 

  • တော်လှန်ရေးအစပိုင်းတွင် လမ်းပေါ်ဆန္ဒပြခဲ့သည့် လူငယ်များမှာ မဟာမိတ်တပ်ဖွဲ့များ၏ သင်ကြားပြသ မှုကြောင့် စစ်ရေးအတွေ့အကြုံများလည်း ရရှိလာပြီဖြစ်ကြောင်း၊ လက်ရှိကာလမှာ တော်လှန်ရေး၏ ပြည်သူ့စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလသို့ ရောက်ရှိနေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဝင်ရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တစ်ဖက်ကမ်း၊ အောင်ဇေယျတပ်ကုန်းရှိ အနောက်ဘက် စစ်ဆေးရေးဂိတ်ကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၂၈ ရက် နံနက် ၇ နာရီ အချိန်တွင် အလစ်အငိုက် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရိုးမဖိုက်တာ တပ်ဖွဲ့ထံက သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မရဲစခန်းနှင့် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ရဲမေ ၅ ဦးအပါအဝင် စစ်သား ၉ ဦးသေဆုံးခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် သာစည်ကျေးရွာအနီးတွင် တစ်နေကုန် နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃၀ ခန့်သေဆုံးနိုင်ကြောင်း Ranger Kalay Defend Force မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ 

  • ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က အခမဲ့ ဆေးခန်း ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ 

  • ယင်းမာပင် အနောက်ခြမ်းကျေးရွာတစ်ရွာတွင် လူငယ့်အားမာန်သပိတ်စစ်ကြောင်းနှင့် ယင်းမာပင်- ဆားလင်းကြီးရှိ ရွာပေါင်းစုံသပိတ်တို့ ပူးပေါင်းကာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ ချီတက် ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော အကြမ်းဖက်စစ်တပ်၏ ရေယာဥ် ၃ စီးကို မြစ်ကြောင်းတလျှောက် ရှေ့ထွက်ပြောင်းများ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့ မှသိရသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကြီးကျေးရွာတွင် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှထွက်လာ သည့် လှည့်ကင်းယာဉ်ကို ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲက ရေးဘီလူးအဖွဲ့မှ ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အောင်သာယာကျေးရွာနှင့် ကနင်ကမော့ကျေးရွာအကြားတွင် ဖြစ်ပွားခဲ့သည့် နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာ၍ လေကြောင်းပစ်ကူသုံးတိုက်ခိုက်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။ 

  • ကရင်နီပြည်ရှိ မယ်စဲ့မြို့အပါအဝင် သံလွင်မြစ်အရှေ့ပိုင်းမြို့နယ်များတွင် စစ်ရေးတင်းမာပြီးနောက် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု သတင်းရရှိသည်။ 

  • မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာနယ်နိမိတ်အတွင်းရှိ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထားသော နေအိမ်များအား တစ်ပတ်အတွင်းဖယ်ရှားပေးရန် စစ်ကောင်စီ က  ဇွန်လ ၂၇ ရက်တွင် စာထုတ်အကြောင်းကြားခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူနှင့်မြိုင်မြို့နယ်တို့တွင် နယ်မြေထိန်းချုပ်ရေး စီမံချက်အရ စစ်တပ် ယာဉ်တန်းနှင့် စစ်ကြောင်းများကို မိုင်းဆွဲခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲခြင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၉ ဦး သေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

  • ရေစကြိုမြို့နယ် လူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီမှ ရေလယ်ကျွန်း ဒေသပြည်သူများနှင့် ပူးပေါင်းကာ "အရှုံးမပေးမချင်း ငါတို့နိုင်တယ်" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ အတွင်းရှိ မျိုးဆက်သစ် စာသင်ကျောင်းပရဝဏ်အတွင်းသို့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ထိခိုက် ပျက်စီးမှု များရှိကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။ 

  • KNU နယ်မြေ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအတွင်းရှိ ရဲစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း (၂) ဒု- တပ်ရင်းမှူး စောဝင်းဇော်က မဇ္ဈိမကို ပြောသည်။ 

  • အပစ်ရပ်အဖွဲ့ ၁၀ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင်အချို့က NCA ပြဌာန်းချက်ပါမူများနှင့် ဆန့်ကျင်ပြီး အဖွဲ့ဝင်အဆင့်လျှော့ချကြကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပြောဆိုချက်ကို ကိုးကား၍ Myanma Platform သတင်းတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီ 

  • နာမည်ကျော် ရုရှားဘလော့ခ်ဂါများအပါအဝင် ခရီးသွားတွေ ဝင်ရောက်နိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဝန်ကြီးဌာန တာဝန်ရှိသူ၏ ပြောဆိုချက်ကို ကိုးကား၍ Yangon Media Group သတင်းတွင် ဖော်ပြထားသည်။ 

  • အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး လူမှုရေးပင်စင်ထောက်ပံ့ငွေကို ယခု ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာ ငွေကြေးပမာဏ နှင့် ထောက်ပံ့တဲ့အကြိမ်ရေကို လျော့ချ ပြင်ဆင် သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။ 

  • မေလနှင့် ဇွန်လအတွင်း နှစ်စဉ်အစီရင်ခံစာတင်ပြမှု ပျက်ကွက်သည့် ကုမ္ပဏီ ၁၀၀၀ ဝန်းကျင်ကို မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခဲ့ကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။ 

  • အကြမ်းဖက်စစ်တပ်၏ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇ ခုကို ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း လေးထောင်ကျော် ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်း ယင်းကော်မတီ၏ ပြောဆိုချက်ကို ကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထားသည်။ 

  • အခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလနှင့် မေလတွင် ကုန်သွယ်မှုအနေဖြင့် တရုတ်နိုင်ငံနှင့် အများဆုံးဆောင် ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုးက ၁.၅ ဘီလီယံကျော်အထိရှိကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်ကို ကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထားသည်။ 

  • NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့တို့၏ ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇွန် ၂၇ ရက်က နေပြည်တော်မှာ ဆက်လက်ပြုလုပ်ခဲ့ကြပြီး ဖက်ဒရယ် အခြေခံမူ အပါအဝင် လူသားချင်း စာနာထောက် ထားမှု အကူအညီပေးရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်၏ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။ 

ဇွန် ၂၈ ရက် သုံးသပ်ချက် 

  • ယခုရက်ပိုင်းတွင် မွန်ပြည်နယ် ရေးမြို့ နှင့် တနင်္သာရီဒေသဘက်များတွင် တိုက်ပွဲများ ပိုမိုဖြစ်လာ သည်ကိုတွေ့ရသည်။ယင်းသို့တော်လှန်ရေးအဖွဲ့များဘက်မှ ခပ်စိပ်စိပ်တိုက်လာပြီး လမ်းမကြီးများ ကို စိုးမိုးထားသည်ကို တွေ့ရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရမှ တန်ပြန်ထိုးစစ်စနေပြီဖြစ်ကြောင်း ပြောဆိုထားသည့် အတွက် တိုက်ပွဲများ ယခုထက်ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly