မုံရွာမြို့ ဇလုပ်အဝိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ကင်းစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
27 June 2023
မုံရွာမြို့ ဇလုပ်အဝိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ကင်းစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး နှစ်ဦးအပြင်း ထန်ဒဏ်ရာရရှိသွားကြောင်း မုံရွာနတ်ဆိုးအဖွဲ့ထံမှ သိရသည်။

ဇလုပ်အဝိုင်းတွင် ကင်းစောင့်ရင်း လမ်းအသွားအလာများကိုစစ်ဆေးကာ ကုန်ကားများထံမှ ငွေတောင်းခံ လေ့ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဇွန်လ ၂၅ ရက်နေ့ ညနေ ၃နာရီ ၅၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့က ပေ ၁၀၀ အတွင်းထဲမှာ ပစ်ခဲ့တာ။ တယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီးသေသွား တယ်။ နှစ်ယောက်ကတော့ သွေးအိုင်ထဲမှာ ဒဏ်ရာအပြင်းအထန်ရတယ်၊ သေမသေတော့ အတိအကျ မပြောနိုင်ဘူး” ဟု မုံရွာ နတ်ဆိုးအဖွဲ့တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အဆိုပါနေရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးရှိပြီး သုံးဦးစီ နှစ်နေရာခွဲနေကြသည်ဟု ဆိုသည်။ ပစ် ခတ်မှုဖြစ်ပွားပြီးနောက် ကျန်ရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို မုံရွာနတ်ဆိုးအဖွဲ့နှင့်အတူ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေရာအနှံ့ အရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်နေပြီး ၎င်းတို့အား နေရာမရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်ဆင်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးရာနေရာများတွင် နေထိုင်သွားလာကြရန် မုံရွာနတ်ဆိုးအဖွဲ့ တာဝန်ရှိ သူက မေတ္တာရပ်ခံထားသည်။

မေလ ၁၇ ရက်နေ့ကလည်း မုံရွာမြို့ ဘိုးဘွားရိပ်သာအဝိုင်းပတ်အနီးတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်ခဲ့ရာ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required