စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကို ကူညီထောက်ပံ့မှုပေးမယ့် Burma Act အကောင် အထည်ဖော်ရေးအတွက် အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ဝန်ကြီးတွေ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ကြတယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။
NUG ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးဟာ အမေရိကန်အစိုးရမှာ မြန်မာ့အရေး အဓိကကိုင်တွယ်နေသူတွေနဲ့ ဝါရှင်တန်မြို့တော်မှာ အခုရက်ပိုင်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၀) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ Global Fund for Burma ကပြုလုပ်တဲ့ မြန်မာနိုင်ငံရေးရာ မူဝါဒ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်ကောင်စီကို အရေး ယူပိတ်ဆို့မှုတွေ ချမှတ်တာနဲ့ Burma Act အကောင်အထည်ဖော်ရေးဆွေးနွေးခဲ့ကြတာပါ။
အဲဒီ ဆွေးနွေးပွဲကို NUG ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝင်စိုး၊ ဦးထင်လင်း အောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကြားကာလ ဗဟိုဘဏ် အထူးအကြံပေး ပုဂ္ဂိုလ် Sean Turnell တို့ တက် ရောက်ခဲ့ကြပါတယ်။
#politicalnews
#newsfeature