အာရှနိုင်ငံများထဲ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာမှာ အများဆုံးဖြစ်ပွားခဲ့

By Spring
27 June 2023
အာရှနိုင်ငံများထဲ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာမှာ အများဆုံးဖြစ်ပွားခဲ့

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အကြား အာရှနိုင်ငံ ၂၂ နိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်တဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ် ၁၆၀၀ ကျော် ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက အများဆုံး ဖြစ်တဲ့အကြောင်း အာရှ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ FORUM-ASIA အဖွဲ့က အစီရင်ခံစာအရသိရပါတယ်။

မြန်မာနိုင်ငံပြီးရင် ထိုင်းနဲ့အိန္ဒိယက ဒုတိယနဲ့ တတိယမှာရှိနေပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အများဆုံး ဖြစ်တယ်လို့ အစီရင်ခံစာက ရေးသားထားပါတယ်။

အာရှလူ့အခွင့်အရေးနဲ့ တိုးတက်ရေးအဖွဲ့ (Forum- Asia) က နှစ်နှစ်တစ်ကြိမ် အစီရင်ခံစာ ထုတ်ပြန်နေတာဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့ နှစ်နှစ်က အခြေအနေကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

လူ့အခွင့်အရေး ကာကွယ်သူ အနည်းဆုံး ၄၄၀၀ ကျော် သူတို့မိသားစုတွေအပါအဝင်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ အစိုးရနဲ့ အစိုးရနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်ခဲ့ရတဲ့အကြောင်း အစီရင်ခံစာက ရေးသားထားတာပါ။

#politicalnews

#newsfeature

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly