အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေ

By Spring
27 June 2023
အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေ

စစ်ကောင်စီက မြန်မာနိုင်ငံတွင်း သိမ်းဆည်းရမိထားတဲ့၊ ဒေါ်လာ သန်း ၅၀၀ နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာဖျက်ဆီးခဲ့ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုတွေ တိုးလာနေပြီး တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို မူးယစ်ဆေးဝါး တင်သွင်းမှုတွေ တိုးလာနေတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက သတိပေး ပြောဆိုနေချိန်မှာပဲ မြန်မာ စစ်ကောင်စီက ခုလို သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ ဖျက်ဆီး ပြလိုက်တာပါ။

ဇွန်လ ၂၆ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ စစ်ကောင်စီက မြန်မာငွေကျပ် ၉၃၆ ဘီလျံကျော် (အမေရိကန်ဒေါ်လာ သန်း၅၀၀နီးပါး) တန်ဖိုးရှိတဲ့ ဖမ်းမိမူးယစ်ဆေးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးဟာ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုများကို ဖန်တီးပေးနေတဲ့အတွက် နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း စစ်ကောင်စီက ပြောပါတယ်။

#politicalnews

#newsfeature

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly