နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆  ဇွန်  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆  ဇွန်  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • "ဆလိုင်းတင်မောင်ဦးဟာ ရုပ်ခန္ဓာအားဖြင့် ကျဆုံးသွားသော်လည်း ဆလိုင်းတင်မောင်ဦး၏ ယုံကြည်ချက်နှင့် ရပ်တည်ချက်ကတော့ မသေဆုံး သေးကြောင်း အသက်ငယ်ရွယ်သော်လည်း မြန်မာတစ်နိုင်ငံလုံး စစ်ဖိနပ်၏ နင်းပြားအောက်က ရုန်းထွက် နိုင်အောင် ဆလိုင်းတင်မောင်ဦးဟာ သူ့၏ ရပ်တည်ချက်ကို ပြတ်ပြတ် သား သားပြသခဲ့သူ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။ 

  • တရားမျှတမှုနှင့် လွတ်လပ် ခြင်း မရှိပါက စစ်မှန်သည့် လုံခြုံငြိမ်းချမ်းမှုနှင့် လူများ၏ ကိုယ်ပိုင်ပြဌာန်းရွေး ချယ်နိုင်ခွင့်များ  မရလာနိုင်ကြောင်း ယင်းကြောင့် စစ်အာဏာရှင်များဖန်တီးသည့် အကြောက်တရားများကို စုပေါင်းအားဖြင့်ဖယ်ရှားကြရမည်ဖြစ်ကြောင်း ၄၇ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 

  • ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် ဇွန်လ၂၆ ရက်အား အထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ပြီး မြန်မာ နိုင်ငံတဝှမ်းလုံးတွင် နှစ်စဉ်ကျင်းပကြရန် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က တိုက် တွန်းလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေး ပွဲကို ဇွန် ၂၅ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီး နိုင်ကောင်းရွက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) များ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်အတွက်သတင်းစကားပေးပို့လိုက်ကြောင်း သိရသည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် နှင့် အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ဒါရိုက်တာ Ms. Henrietta Levin တို့ ဇွန် ၂၁ ရက်တွင် တွေ့ဆုံခဲ့ ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်မြောက် အထိမ်းအမှတ် အဖြစ် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုကို ယနေ့ ဇွန်လ ၂၆ ရက်တွင် ပြုလုပ်ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်အထွက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)ရုံး တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက် ခိုက်ရာတွင်ပါ ဝင်သည့် ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကျောက်ခဲတက်‌ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းအဖွဲ့အား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဇွန်လ ၂၅ ရက် နေ့လယ် ၁၂ နာရီ အချိန်တွင် လက်နက်ကြီး ၊ မောင်းသူမဲ့ ဒရုန်းလေယာဉ်များ သုံး၍ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF)ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ရွာ ပျူစောထီးစခန်းကို မောင်းသူမဲ့လေယာဉ်ငယ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများနေထိုင်သည့် အိမ်ပေါ်ကျရော က်ပေါက် ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကျောက်လုံး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာနှင့် မြင်းဆည်ကျေးရွာ ကို စစ်တပ်က ယမန်နေ့ နံနက်ပိုင်း ဝင် ရောက်စီး နင်းစဉ် တော်လှန်ရေး ရဲဘော် ၁၃ ဦးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့် သတ်ဖြတ် ခြင်း အပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများနှင့် ဒေသခံကာကွယ် ရေးတပ်ထံမှ သိရှိရ သည်။ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်းဈေးအရှေ့ဈေးအနီးရှိ ကမ္ဘောဇ ဘဏ်-၂ အနီးတွင် ဗုံးပေါက် ကွဲမှု ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း Kawlin Revolution-KR ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း၌ မွေးနေ့ပွဲကျင်းပနေစဉ် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း CDSOM မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာရဲစခန်းကို ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ များပူးပေါင်းပြီး ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ ကြောင်း Danger Force LPDF အဖွဲ့က ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ပဲခူးတိုင်းအနောက်ခြမ်း၊သဲကုန်းမြို့နယ်၊ ဆီမြီးဆွဲမြို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲအရာရှိ နှင့်အငြိမ်းစားရဲအရာရှိကို သဲကုန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(Thaegon_PDF)ကသေနတ်ဖြင့် ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။ 

  • ထောင်တွင်းအကျဉ်းချခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ပွဲ အထိမ်းအမှတ်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ယမန်နေ့ (ဇွန်လ ၂၅ ရက်)က ကျင်းပရာ ယူကေရောက် မြန်မာ ၁၀၀၀ ဝန်းကျင်တက်ရောက်ခဲ့ကြသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ယနေ့ ဇွန်လ ၂၅ ရက်၌ စစ်ကောင်စီ၏ အမြောက်တပ်က လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦး သေဆုံးခဲ့ပြီး အသက် ကိုးနှစ်အရွယ် ကလေးငယ် အပါအဝင် ဒဏ်ရာရရှိသူ လေးဦးရှိကြောင်း သိရသည်။ 

  • ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်မှ Japan Myanmar Friendship Association ကိုယ်စား အမဲသားဟင်း၊ ထမင်း နှင့် မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းတော်၊ မြင်းဆည်နှင့်လက်ပါယ်တော အပါအဝင် ကျေးရွာ ၅ ခု တို့ကို စစ်တပ်က ယမန်နေ့ မီးတင်ရှို့ခဲ့ရာ လယ်ပါယ် တောကျေးရွာမှ လူနေအိမ် ၁၀၀ ကျော် ပြာကျသွားကြောင်း ဒေသခံပြည်သူ များထံမှ သိရှရသည်။ 

  • မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မလေးရှားရောက် ကရင်နီလူမျိုးစုများ ဦးဆောင်ကာ ၁၄၈ နှစ်မြောက်ကရင်နီ အမျိုးသားနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က ထပ်မံမီးရှို့နေ ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်နက်ကြီးကုန်းနှင့် တပ်ရင်းများတိုက်ခိုက်ခံရ၍ ရှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူစစ် ကြောင်းမှ သိရသည်။ 

  • တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၅ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ (၂၆)ရက်မှစကာ (၃)ရက်ကြာ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးသွားရန် ရှိနေကြောင်း သိရသည်။ 

  • ရှမ်းပြည်နယ်၊ မုံးကိုးတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့သော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၄၁၉ မှ တပ်သား သန်းထိုက်အောင်ကို မြန်မာ အမျိုး သားဒီမိုကရက်တစ် မဟာမိတ်တပ်မ တော်ကိုးကန့်(MNDAA) က အခမ်း အနားဖြင့် ကြိုဆို သိန်း ၂၀ ချီးမြှင့်ခဲ့ပြီး တပ်စိတ်မှူးရာထူးပါ ပေးအပ်ခဲ့ ကြောင်း The Kokang က ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • မြန်မာနိုင်ငံတွင် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့၏ ပူးတွဲထုတ်ပြန်ချက်ကို အာဏာသိမ်း စစ်ကောင်စီက ဝေဖန်ကန့်ကွက်လိုက်သည်။ 

  • ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုး နိုင်ရန် အတွက် မျိုးစပါးများအား ဇွန်လ ၂၄ရက်နေ့တွင် ပထမဆုံးအကြိမ်ပို့ဆောင်ခဲ့ကြောင်း အကြမ်းဖက် စစ်ကောင်စီ ပြန်ကြားရေး၀န်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ Yangon Media Group သတင်းတွင် ဖော်ပြထားသည်။ 

  • နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးကစားသူများ၊ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ် သူများနှင့် တရားမဝင် နိုင်ငံခြား ငွေလွှဲပြောင်းသူများကို ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်း ကြပ်မတ်ရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖော်ထုတ် အရေးယူလျက်ရှိရှိကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ 

  • စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် မော်လမြိုင်မြိုတွင် ကျင်းပ ပြုလုပ်သည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို တက်ရောက်ခဲ့ကြောင်း သိရသည်။                                                                                                                                                                                 

ဇွန် ၂၆ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည် လက်နက်ကိုင်အဖွဲ့ ၅ဖွဲ့သည် ၎င်းတို့ဒေသတွင် အဓိကျ သည့် အဖွဲ့များမဟုတ်သည့်အတွက် မည်သည့်ရလဒ်မှမထွက်ပေါ်လာနိုင်သလို အရှိန်မြင့် လာသည့် တော်လှန်ရေးကိုလည်း ယင်းဆွေးနွေးပွဲဖြင့် မတားဆီးနိုင်ဟု ဆိုရမည်ဖြစ်သည်။ 

  • ကျပ်ငွေတန်ဖိုးကျဆင်းသည်ကို မထိန်းနိုင်သည့် စစ်ကောင်စီမှ ယင်းသို့ဖြစ်ရာသည်မှာ စီးပွားသမား များ၏ ငွေကစားမှုကြောင့်ဟုဆိုကာ ဆက်တိုက်ဖမ်းဆီးခြင်းနှင့် စောင့်ကြည့်မှုများပြုလုပ် နေသည့် အတွက် စီးပွားရေးပိုနှေးကွေးပြီး ယခုထက်ပိုဆိုးလာနိုင်ဖွယ်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly