စစ်ကောင်စီနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှုများကိုရပ်ဖို့ တရုတ်ကို NUCC သတိပေး

By မဇ္ဈိမ 
26 June 2023
စစ်ကောင်စီနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှုများကိုရပ်ဖို့ တရုတ်ကို NUCC သတိပေး

အိမ်နီးချင်းတရုတ်နိုင်ငံဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများကိုသာ တွေ့ရှိနေရပြီး အခုလို ဆောက်ရွက်နေခြင်းတွေဟာ မြန်မာပြည်သူများရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုရာရောက်နေကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က  သတိပေးထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ၊ စစ်ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေမှာ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာတွေ ရပ်တန့်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဇွန်လ ၂၄ ရက်က တိုက်တွန်းလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က မြန်မာ့နိုင်ငံရေးကို တရုတ်နိုင်ငံက ပါဝင် ဆောင်ရွက်ချက်အပေါ် အချက် ၁၀ ချက်ပါ သဘောထားကို ထုတ်ပြန်လိုက်တာပါ။

ဒီထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ သဘော ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်တဲ့အပြင် မြန်မာ့နိုင်ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေး ပြဿနာ တွေကို ပိုမိုရှုပ်ထွေးစေတယ်လို့လည်းပါဝင်ပါတယ်။

မြန်မာ့အရေးကို တရုတ်နိုင်ငံအနေနဲ့ လက်တွေ့ကျကျ ကူညီဖြေရှင်းဆောင်ရွက်နိုင်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ နီးနီးကပ်ကပ် စဉ်ဆက်မပြတ် ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required