“မယ်စဲ့မြို့ပေါ်မှာ လုံးဝနေလို့မရတော့ဘူး အကုန်လုံးစစ်ရှောင်ကုန်ပြီ” မယ်စဲ့မြို့၏ နောက်ဆုံးရအခြေအနေ

By ရွှေနွယ်၊ဂျူချန်း
25 June 2023
“မယ်စဲ့မြို့ပေါ်မှာ လုံးဝနေလို့မရတော့ဘူး အကုန်လုံးစစ်ရှောင်ကုန်ပြီ” မယ်စဲ့မြို့၏ နောက်ဆုံးရအခြေအနေ

“မယ်စဲ့မြို့ပေါ်မှာ လုံးဝနေလို့မရတော့ဘူး အကုန်လုံးစစ်ရှောင်ကုန်ပြီ။ ဒီနေ့ကတော့ ငြိမ်နေတယ်။ မနေ့ညကတော့ လက်နက်ကြီးနဲ့လာပစ်သွားတယ်ဗျ။ လေယာဉ်နဲ့လာချသွားတာ” 

ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စခန်းတွေဖြစ်တဲ့  မယ်တနွယ်တပ်စခန်း၊ တောင်လှတပ်စခန်း၊ BP-14 နဲ့ မယ်စဲ့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ 4K တပ်ပေါင်းစုက သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

ဒီလို မယ်စဲ့မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မယ်စဲ့မြို့က ဒေသခံအရပ်သားပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်နေကြရပါပြီ။

မယ်စဲ့မြို့ဒေသခံရဲ့ ပြောဆိုချက်အရ စစ်ရှောင်ဦးရေဟာ ၈,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly