ဘယ်သောင်၊ ဘယ်ကမ်းမှန်းမသိသော မြန်မာ့အရေးဒိုင်ယာလော့သစ် Track 1.5

ဘယ်သောင်၊ ဘယ်ကမ်းမှန်းမသိသော မြန်မာ့အရေးဒိုင်ယာလော့သစ် Track 1.5

အပြင်းအထန် ဝေဖန်ကန့်ကွက်မှုတွေကြားကနေ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ် ဝီနိုင်းက စီစဉ်ထားတဲ့အတိုင်း မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲ Track 1.5 ကို ဇွန် ၁၈ ရက်နဲ့ ၁၉ ရက်က ထိုင်းနိုင်ငံမှာ ပြုလုပ်သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့အတူ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက အဓိကနိုင်ငံတွေဖြစ်တဲ့ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့ကတော့ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရရဲ့လုပ်ရပ်ကို အပြင်းအထန်ဝေဖန်ကန့်ကွက်ခဲ့ကြပြီး ဆွေးနွေးပွဲကိုမတက်ရောက်ခဲ့ပါဘူး။

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားအနေနဲ့ မြန်မာ့ အရေးကိုဖြေရှင်းဖို့ကြိုးစားနေရတဲ့အတွက် ထိုင်းအိမ်စောင့်အစိုးရကစီစဉ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကိုမတက်နိုင် ဘူးဆိုပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စမာဆူဒီကအကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required