နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅  ဇွန်  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅  ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ဦးကျော်ထွေးတို့ဟာအမေရိကန်သမ္မတ အိမ်ဖြူ တော် အမျိုးသားလုံခြုံရေးကောင်စီ၏ အရှေ့တောင်အာရှ ဒါရိုက်တာ Ms. Henrietta Levin နှင့် တွေ့ဆုံပြီး မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြု အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးမှု များပြုလုပ်ခဲ့ ကြောင်း သိရသည်။

•    တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ရေငန်းချိုင်ရွာရှိ ရန်သူ့ ကင်းစခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကော့သောင်း-ပကဖ) က ဇွန် ၂၂ ရက်နေ့ မနက် ၁ နာရီတွင် တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်အပါအဝင် ၃ ယောက် နေရာမှာ ပွဲခြင်းပြီး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

•    အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများနှင့်  မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ အမေရိကန်၊ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ် ပြည်သူ့ရဲ တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့် အခြေခံအမှုစစ် သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

•    ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ ပြောကြားချက်များကို ရင်ဝယ်ပိုက်ကာ ရှေ့ဆက်ချီတက် ကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဇွန်လ ၂၆ ရက် ရက်စွဲဖြင့် ယနေ့ ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။

•    တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ မြန်မာ့အရေးကို ပြေလည်စေလိုပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းရန် အမှန်တကယ် ဆန္ဒရှိ ပါက မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို အထူးသတိပြု ရှောင်ရှားရန် NUCC က သတိပေးသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ပွဲကို ဒေသတွင်း နယ်မြေမငြိမ်သက်မှုများကြားက ယနေ့ ဇွန်လ ၂၅ရက်တွင်ဆက်လက် ချီတက် ဆန္ဒပြခဲ့ ကြသည်။

•    တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံအဖွဲ့စည်းများက ဝါဒဖြန့်လက်ကမ်း စာစောင်များ လိုက်လံဖြန့်ဝေနေရာ ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က မြစ်ငယ်ရပ် ကွက်၊ ဗိုလ်ချုပ် မြင်းစီး ရုပ်တုအရှေ့တွင်ဝေငှနေစဉ် လူငယ်နှစ်ဦးက ယူရန်ငြင်းဆိုရာမှ ရိုက်နှက်ဖမ်းဆီး သွားကြောင်း မြို့ခံများထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ဇွန်လ ၂၄ ရက်နှင့်၂၅ ရက် မနက်ပိုင်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည် ကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။

•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာအနီးတွင် PDF စခန်း တစ်ခုကို အကြမ်းဖက်စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းပြီး တော်လှန်ရေးရဲဘော် ၁၂ ဦးကို ပစ်သတ်သွားကြောင်း ဒေသပြည်သူ တချို့ထံမှ သိရှိရသည်။

•    ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု က ၈၂၆ ရက်မြောက်နေ့အဖြစ် အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဇွန်လ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည်။

•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းသို့ ဧရာ၀တီမြစ်ကြောင်းအတိုင်း စစ် တပ်က သင်္ဘောများဖြင့် ဝင်ရောက်လာပြီး ပြည်သူများကို ပစ်ခတ်နေရာ ပြည် သူ ၁ ဦး ရင်ဘတ်ကျည်ထိမှန်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

•    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ခုခံ တိုက်ခိုက်ပြီး ပြန်လာသည့် ABSDF နှင့် ပုလဲမြို့နယ် ပကဖ ရဲဘော်များကို ပြည်သူများက အောင် သပြေပန်းဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

•    ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဇွန်လ ၂၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးသေဆုံးသွားသည်ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တာဝန်ရှိ သူက မဇ္ဈိမကိုပြောသည်။

•    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့သုဿန်အနီးတွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ -ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    တောင်ကိုရီးယားနိုင်ငံ၊ ဂွန်ဂျူးကြီးမြို့၊တော်လှန်ရေးရန်ပုံငွေဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကို ယနေ့ ဇွန် ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

    
တိုင်းရင်းသားလက်နက်ကိုင်များ

•    (KNU) ကေအန်ယူ - ထိန်းချူပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေရှိ ကျောက်ကြီး _ နတ်သံကွင်းကို သွယ်တန်းထားတဲ့ ရန်မျိုးအောင် ကျေးရွာချင်းဆက် တံတားကို KNLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့က ဖောက်ခွဲဖြတ်တောက် ခဲ့ကြောင်း KNLA / PDF ကျောက်ကြီး တပ်ရင်း ၉ - ၁၀၃၅ က ထုတ်ပြန်သည်။

•    (KNU)ကေအဲန်ယူ -တပ်မဟာ (၃) ထိန်းချူပ်နယ်မြေ ညောင်လေးပင်ခရိုင် ၊ကျောက်တံခါး မြို့နယ်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၄ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရခဲ့တယ် လို့ KNLA /PDF ကျောက်ကြီး တပ်ရင်း ၉ က ဇွန်လ ၂၄ ရက်စွဲ နဲ့ ထုတ်ပြန်ထားပါတယ်။

•    ထိုင်း - မြန်မာ နယ်စပ် ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) ၏ ကင်းစခန်း သုံးခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာ လေ့လာရေး မှတ်တမ်းဌာနတာဝန်ခံနှင့် ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ 

စစ်ကောင်စီ

•    ငွေလွှဲလုပ်ငန်းဆောင်ရွက်သူ ၅၁ ဦးနှင့် ကုမ္ပဏီတစ်ခုကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန် ထားသည်။

•    ကရင်နီပြည်နယ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများကို လွိုင်ကော်သို့ ပို့ဆောင်ကာ လွိုင်ကော် လေဆိပ် မှတဆင့် နေပြည်တော်နှင့် အခြားမြို့နယ်များသို့ ပို့ဆောင်ပြောင်းရွှေ့ပေးနေသည်ဟု ကရင်နီ ဒေသတွင်းသတင်းရင်းမြစ်များ၏ပြောဆိုချက်အရ သိရသည်။

•    စစ်တပ် အားကစားသမားများအနေဖြင့် ကာကွယ်ရေးနှင့်ဆိုင်သည့် ကိုယ်ခံပညာရပ်များတွင် ဆုအသီးသီး ရရှိခဲ့ကြသကဲ့သို့ ရိုးရာအားကစားနည်း ပြိုင်ပွဲများတွင်လည်း ယဉ်ကျေးမှုအမွေကို လက်ဆင့်ကမ်း ထိန်းသိမ်း နိုင်အောင် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်သည်အထိ စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန်သည်။

•    နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ ရှေ့ ဆောင်ပါတီနှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီများက ဥက္ကဋ္ဌ၊ အမှုဆောင် အဖွဲ့ဝင် များနှင့် ဇွန်လ(၂၄)ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ ပြီးဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ထားမှုရှိ၊ မရှိကို စစ်ဆေးကြောင်း UEC ၏ ထုတ်ပြန်ချက်ကိုကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထားသည်။

•    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း၌ စစ်ကောင်စီက အချုပ်ထောင်သစ်တစ်ခု တည်ဆောက်နေ ကြောင်း  သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဇွန် ၂၅ ရက် သုံးသပ်ချက်

•    စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း ငွေကြေးစီးဆင်းမှုနှင့်စီးပွားရေး အတက်အကျကို မထိန်း တတ် မထိန်းနိုင်သည့်အခါတွင် အာဏာအားကိုးနှင့် စီးပွားရေးသမားများကို ဖမ်းဆီး လေ့ရှိရာ အခုလည်း မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်အုပ်စုမှ စီးပွားရေး ပိတ်ဆို့မှုကြောင့် ဖြစ်လာ သည့် ငွေကြေးစီးဆင်းမှု အတက်အကျကို မထိန်းနိုင်၍ စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီး နေသည်။

•    အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းထိုးတိုင်း ရွာများကိုမီးရှို့ ပြည်သူများကို သတ်ဖြတ်ခြင်း ကြောင့် ၎င်းတို့လာပြီဆိုလျင် ပြည်သူများထွက်ပြေးရသည်။ယခုတော့ ပြည်သူကာကွယ်တပ်များ မကြာခဏ လာရောက်တိုက်ခိုက်ခြင်း မြို့များကိုစိုးမိုးထားခြင်းများကြောင့် တပ်တွင်းနေထိုင်သည့် စစ်တပ်မိသား စုများ ပြောင်းပြေးရသည်ကိုတွေ့ရလာသည်။နောက်ပိုင်းတွင် ယင်းကဲ့သို့ အခြေအနေများ ခပ်စိတ်စိတ် တွေ့လာရဖွယ်ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required