ဒေသအတွင်း နယ်မြေမငြိမ်သက်မှုကြားက ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္ဈိမ)
25 June 2023
ဒေသအတွင်း နယ်မြေမငြိမ်သက်မှုကြားက ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဒေသတွင်း နယ်မြေမငြိမ်သက်မှုများကြားက ယနေ့ ဇွန်လ ၂၅ရက်တွင်ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

စစ်ကောင်စီတပ်က ဒေသတွင်းစစ်ကြောင်းထိုးနေ၍ ကျေးရွာအချို့မှ ပြည်သူ များစစ်ဘေးတိမ်းရှောင်နေရချိန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး (၈၂၆)ရက်မြောက်

အဖြစ် ဆက်လက်ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်“ ဆိုသည့် စာတန်းကို ကိုင်ဆွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ပြီး ကျဆုံးခဲ့သော အာဇာနည်များကို ဦးညွှတ်အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

လူထုသပိတ်စစ်ကြောင်းသည် ခွပ်ဒေါင်းအလံနှင့် ကြယ်ဖြူအလံကိုကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်ခဲ့ကြကာ ကျဆုံးခဲ့သော အာဇာနည်များ ကို အလေးပြုခဲ့ကြသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#ဆားလင်းကြီး

#ယင်းမာပင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly