‌ Bitcoin က မြန်မာနိုင်ငံ မှာဘာတွေကူညီပေးခဲ့သလဲ ?

‌ Bitcoin က မြန်မာနိုင်ငံ မှာဘာတွေကူညီပေးခဲ့သလဲ ?

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

[https://www.facebook.com/bitcoin.MM.initiatve](https://www.facebook.com/bitcoin.MM.initiatve"‌")

မြန်မာနိုင်ငံ မှာ ၂၀၂၁ ခုနှစ် မှာ စစ်တပ်မှအာဏာသိမ်း မှုဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းမှု

ဖြစ်ပွားပြီးနောက်သိပ်မကြာခင်မှာ ပဲ မြန်မာနိုင်ငံရဲ့ ဘဏ်စနစ် တွေ ဟာ အာဏာသိမ်းစစ်ကောင်စီ မှ အစမတန် ဒေါ်လာများ ကိုဗဟိုဘဏ် မှ ထုတ်ရောင်းမှု ကြောင့် တဖြည်းဖြည်းနှင့် ယိုယွင်းလာခဲ့ပါတယ်။

ဒီ အကျိုးဆက်တွေ အနေနဲဘဏ်အကောင့်များကို အကန့်အသတ်ဖြင့်သာ တစ်ပတ် ၃ သိန်း ၅ သိန်း သာ ထုတ်ပေးခြင်း ၊ ATM များတွင် ပိုက်ဆံ ထုတ်ရန် နံနက်အစောကြီး ကတည်းက တန်းစီ ပြီးစောင့်နေရခြင်း နဲ့ ဒေါ်လာစျေးပြီး များဟာ လည်း ယခင် အမေရိကန်‌‌‌ဒေါ်လာ ၁ = မြန်မာငွေ ၁၃၀၀

၁၄၀၀ ကျပ်နီးပါးမှ ၂၀၀၀ ကျော် ယခု ၃၀၀၀ နီးပါး အထိ မြင့်တတ်လာပါတော့တယ်။ ဒီလို အခြေအနေတွေ နောက်မှာတော့ဘဏ်တွေဟာ အာဏာ ရှင်အလို ကျအတိုင်း ဖြစ်လာပြီးတော့ တော်လှန်ရေး အတွက် ပါ၀င် ကူညီမှု များအပါအ၀င် ကူညီထောက်ပံ့နေတဲ့ အကောင့်တွေကိုပါပိတ်သိမ်းလာတာတွေကို ဂုဏ်ယူစွာ လုပ်လာခဲ့ပါတယ်။

အဖြစ်အပျက်တွေကြောင့် မြန်မာပြည်သူလူထုဟာ သိန်းနဲ့ ချီတဲ့ လူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ငွေတွေ မတရားသိမ်းဆည်းခံရမှာ ကြောက်တာကြောင့် မြန်မာငွေကို မြန်မာငွေနဲ့ ရာခိုင်နှုန်းများ ပေးကာ ထုတ်ယူ လဲလှယ်ခဲ့ကြတာမျိုးတွေ ရှိပါတယ်။

ဘဏ်တွေကို ယုံကြည်မှုကြောင့် လူပေါင်းများစွာဟာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဒုက္ခရောက်ခဲ့ကြသလိုပဲ တချို့တွေကတော့ ဘယ်သူမှ ပါဝင် ထိန်းချုပ်လို့ မရနိုင်တဲ့ ဗဟိုအခြေပြုခြင်း မရှိတဲ့ ငွေကြေးစနစ်တွေမှာ မိမိရဲ့ ကြိုးစားရှာထားတဲ့ ငွေကြေးတွေကို ပြောင်းလဲ သိမ်းဆည်းထားကြပါတာမျိုးတွေ ရှိလာပါတယ်။

ဥပမာ တစ်ခုအနေနဲ့ စာရေးဆရာ အဲလက်စ်ဂလက်စတိန်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေထားတဲ့ “Check Your Financial Privilege” စာအုပ်မှာ မြန်မာပြည်နဲ့ ပက်သက်တဲ့ အကြောင်းအရာတစ်ခုကို ဥပမာ အနေနဲ့ ရေးသားခဲ့ပါတယ်။

“ကိုယ်တွေ့ ဥပမာအနေနဲ့ပြောရရင် 2021 ခုနှစ် ဖေဖော်ဝါရီမှာ မြန်မာ့တော်လှန်ရေးအစမှာ လူတစ်ယောက်က ကျွန်တော့်ကို ဆက်သွယ်လာတယ်။ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အကူအညီတွေ ပေးချင်ပေမယ့် ဘဏ်စနစ်က လက်တွေ့မှာ ပိတ်သွားပြီး ဒေါ်လာတွေကို လွယ်လွယ်နဲ့ လွှဲဖို့ နည်းလမ်းမရှိတော့ဘူး ဖြစ်နေတယ်။ နည်းလမ်းရှာဖွေမှုတစ်ချို့ ပြုလုပ်ပြီးတဲ့နောက်မှာတော့ Bitcoin အသုံးပြုသူတစ်ဦးလည်းဖြစ်၊ ဖွံ့ဖြိုးတိုးတက်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့တယ်။ သူက အလှုငွေကို Bitcoin နဲ့ လက်ခံလိုက်ပြီး Peer-to-peer စျေးကွက်မှာ ပြိုကျနေတဲ့ မြန်မာကျပ်ကို ပြောင်းပြီး လိုအပ်တာတွေ ဝယ်ဖို့ အတွက် သုံးလိုက်ပါတယ်။ BTC လိပ်စာကို Signal ကနေပို့လိုက်ပြီး မိနစ်ပိုင်း အတွင်းမှာ အတားအဆီးမရှိ၊ ကြားခံပုဂ္ဂိုလ်မရှိ၊ အကျင့်ပျက်ခြစားတွေလည်း မရှိဘဲ အဆင်ပြေသွားတယ်။ ဒါက ဥပမာလေး တစ်ခုဆိုပေမယ့် အနာဂါတ်မှာ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတဲ့ အရိပ်အယောင်ပါပဲ။”

Reference :

Aljazeera : Myanmar shadow government approves crypto as official currency

Bitcoin Magazine : Check Your Financial Privilege by Alex Gladstein

Nikkei Asia : Myanmar's pro-democracy forces resist with cryptocurrency

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → [https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly