စစ်ဘေးရှောင်များအား ကူညီနေသည့် S&C အဖွဲ့ဝင် ယင်းမာပင်မြို့နယ်တွင် ဖမ်းဆီးခံရ

By KMN (မဇ္ဈိမ)
23 June 2023
စစ်ဘေးရှောင်များအား ကူညီနေသည့် S&C အဖွဲ့ဝင် ယင်းမာပင်မြို့နယ်တွင် ဖမ်းဆီးခံရ
Photo - S&C အဖွဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ဘေးရှောင်များအတွက် သောက်ရေ၊ သုံးရေရရှိရေး ကူညီနေသည့် အဖွဲ့ဝင်တစ်ဦးအား ဇွန်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

"ယင်းမာပင်ဘက်မှာ ဖမ်းခံလိုက်ရတာပါ။ အဆက်အသွယ်တော့မရသေးဘူး၊ ဘယ်မှာဖမ်းထားတယ်ဆိုတာလဲ မသိသေးဘူ" ဟု ၎င်းက ပြောသည်။

S&C အဖွဲ့ဝင်တစ်ဦးသည်  ယင်းမာပင်မြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများအတွက် ရေတွင်းတူးဖော်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် မြေပြင်ဖြစ်စဉ်များ မှတ်တမ်းတင်နိုင်ရန် သွားရောက်စဉ် လမ်းခရီး တစ်နေရာ၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။

S&C အဖွဲ့သည် ရွှေဘို၊ ဒီပဲယင်း၊ ယင်းမာပင် စသည့်မြို့နယ်များတွင် စစ်ဘေးရှောင်များအတွက် နေအိမ်၊ စာသင်ကျောင်းများတည်ဆောက်ခြင်းအခမဲ့ဆေးပေးခန်းများအားဖွင့်လှစ်ကာ ကူညီလှူဒါန်းနေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။

စစ်ဘေးသင့်ပြည်သူများအတွက် ခုနစ်တွင်းမြောက် စက်ရေတွင်းကို ဆက်လက်တူးဖော်နေပြီး ကူညီလှူဒါန်းမှုတွေ ဆက်လုပ်သွားမည်ဖြစ်ကြောင်း S&C အဖွဲ့မှ ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required