ဒေါ်စု အတွက်အကြီးမားဆုံး စိန်ခေါ်မှုက ဒီစစ်တပ်ကို ထိန်းပြီး Process ထဲမှာပါအောင် ဆွဲခေါ်နိုင် ဖို့ပဲ

ဒေါ်စု အတွက်အကြီးမားဆုံး စိန်ခေါ်မှုက ဒီစစ်တပ်ကို ထိန်းပြီး Process ထဲမှာပါအောင် ဆွဲခေါ်နိုင် ဖို့ပဲ

သမ္မတသစ် ဦးထင်ကျော်၏ ပထမဆုံးမိန့်ခွန်းနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေးလေ့လာသူ နိုင်ငံရေး ဆောင်းပါးများ သုံးသပ် ရေးသားနေသူ ဦးဘိုဘိုကျော်ငြိမ်းနှင့် မဇ္ဈိမမေးမြန်း ခဲ့သည်များကိုကောက်နှုတ် ဖော်ပြအပ်ပါသည်။

မေး ။   ။ သမ္မတဦးထင်ကျော် ပြောသွားတဲ့ ပထမဆုံးမိန့်ခွန်းမှာ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝအဆင့်တန်း တိုးတက်မြင့်မားရေး တို့ကို အကောင်ထည်ဖော်ဆောင်ရွက်သွားမယ်လို့ဆိုတယ်၊ ဒီအကြောင်းအရာတွေထဲက ဘယ်ကဏ္ဍကို စတင်အကောင်အထည်ဖော်ဆောင်သင့်ပါသလဲ။
 ဖြေ ။   ။ ရည်မှန်းချက် (၃) ခုဟာ ဆက်စပ်နေပေမယ့် Serial လုပ်ရမယ့် အရာတွေမဟုတ်ပါ။ အာလုံး parallel လုပ်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရမှ ဖက်ဒရယ်ထောင်မယ်ဆိုရင် ဘယ်ဖြစ်မလဲ။ ဖက်ဒရယ် အတွက်လုပ်ရင်း ငြိမ်းချမ်းရေကိုရအောင်ဆွေးနွေးရမှာပါ။ လူနေမှုဘဝမြင့်ဖို့ အတွက်က စတာနဲ့ စလုပ် ရမှာ၊ ဘာကိုမှစောင့်နေလို့မရပါဘူး။ ဥပမာ ကရင်ပြည်နယ်မှုာ ငြိမ်းချမ်းရေးရရင် သူတို့ပြည်နယ်မှ တိုးတက်ရေး လုပ်နိုင်ပြီ။

ကရင်မှာငြိမ်းချမ်းရေးရပေမယ့် ကချင်ပြည်နယ်မှာ မရသေးရင် ကချင် ပြည်နယ်မှာ ငြိမ်းချမ်းရေးရအောင်ကြိုးစားကြပေါ့။ ငြိမ်းချမ်းတဲ့ နယ်မြေက အရင်တိုးတက်လာပြီး ငြိမ်းချမ်းရေးမရလို့ စီးပွားရေး မတိုးတက်တာမြင်လာရင် ငြိမ်းချမ်းရေးလိုချင်ဖို့ စိတ် တွေဖြစ်လာမှာ ပေါ့။ ငြိမ်းချမ်းရေးဆိုတာ စစ်တပ်နဲ့ လက်နက်ကိုင်တွေ (ညှိနှိုင်း) ယူရမှာ အစိုးရ ကြားပွဲစားဘဲ လုပ်နိုင် မှာ။ ငြိမ်းချမ်းရေးမရပဲ ဖက်ဒရယ် အုပ်ချုပ်ပုံကို ဘယ်လိုအကောင်အထည်ဖေါ်မှာလဲ။ ဒီမိုကရေစီမှာ အားလုံးဟာ Compromise ဘဲ။ အမျိုးသားရင်ကြားစေ့ရေး Reconciliation ဆိုတာ ပြောရလွယ် ပေမယ့် လက်တွေ့မှာဖော်ဆောင်ရတာ သိပ်ခက်ခဲ ပါတယ်။ အခြေခံဥပဒေကို ပြင်ဆင်ရေး ဆိုတာ ကတော့ အခက်ဆုံးဘဲ။

မေး။   ။ ဒီလိုဖော်ဆောင်တဲ့နေရာမှာ ဘယ်အရာတွေက အဟန့်အတားဖြစ်စေနိုင်လဲ။

ဖြေ ။   ။ ဒီမိုကရေစီရဲ့အနှစ် တစ်ခုက (Compromise) ဘဲ။ ပြောရတာလွယ်ပေမယ့် ဖော်ဆောင်ရတာ ခက်တယ်။ အဖွဲ့တိုင်း ပြည်နယ်တိုင်းက အကျိုး (Interest) နဲ့ လာကြတာ။ Reality က Compromise က ပြောင်းပေးလိမ့်မယ်။ ဒီမှာ capacity ဆိုတာဝင်လာပြီ။

မေး ။   ။ လုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါမှာ အရင်အစိုးရရဲ့ ကူညီထောက်ပံ့မှုက အစိုးရသစ် အတွက်ဘယ်လောက်ထိ အရေးပါလာမလဲ။

ဖြေ။   ။ အရင်အစိုးရဟောင်းရဲ့ Role က ပြီးသွားပြီး။ Power Center အနေနဲ့ ကျန်ခဲ့တာက စစ်တပ်။ ဒေါ်စု အတွက်အကြီးမားဆုံး စိန်ခေါ်မှုက ဒီစစ်တပ်ကို ထိန်းပြီး Process ထဲမှာပါအောင် ဆွဲခေါ်နိုင် ဖို့ပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်နဲ့ ဉာဏ်ချင်းပြိုင် အနိုင်ယူခဲ့သလို ဒေါ်စုဟာ စစ်တပ် နဲ့ ဉာဏ်ချင်းပြိုင်ရမယ့်ပွဲပါပဲ။ Peace မှာတော့ အရင်အစိုးရလူတွေက ကူညီနိုင်လိမ့်မယ် ကျန်တာက ဗျူရိုကရေစီဘဲ။

မေး ။   ။  ဒီမိန့်ခွန်းက အားကိုးတကြီးမျှော်လင့်နေတဲ့ ပြည်သူတွေဆန္ဒနဲ့ ကိုက်ညီနိုင်လား။ ဘယ်လို အကြောင်းအရာတွေထပ်ပြီး လုပ်ဆောင်ပေးသင့်သေးလဲ။

ဖြေ ။   ။ ဒီမိန့်ခွန်းက ကောင်းပါတယ်။ Focus ဖြစ်တယ်။ ကျန်ဒါတွေထည့်ပြောရင် ပြီးမှာမဟုတ်ဖူး ရောရှုပ်ကုန်နိုင်တယ်။ ဒါ ဒေါ်စုရဲ့ သမ္မတမိန့်ခွန်းပေမယ့် ဒေါ်စုရဲ့ Brian အပြင်သူ့ Direction ကိုပါပြသွားတာပါ။

မေး ။   ။ ဒေါ်စုက ဝန်ကြီး (၄) နေရာယူထားတယ်။ သမ္မတက ရုပ်သေးလိုဖြစ်နေမယ်လို့ ဆိုတဲ့သူတွေ ရှိတယ်။ သမ္မတ ဆုံးဖြတ်ချက် တစ်ခုခုချတော့မယ်ဆိုရင် ဒေါ်စု ကိုမှီခိုနေမှာလား။ အဲ့လိုဆိုရင်ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ ။   ။ ဒါကိုမှားတယ်လို့ မပြောနိုင်ဖူး။ This is REALITY အခြေခံဥပဒေ ကိုကျော် ရတာ။ OK Which is not OK is tha Daw Suu cannot and should not handle everything. She must not Micromanage she should Macro-manage She must DELEGATE This is the PROBLEM
ဒေါ်စု လုပ်တတ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly