ဒေးဒရဲမြို့နယ်တွင် အုပ်ချုပ်ရေးမှူး၏ တိုင်ကြားမှုကြောင့် NLD ပါတီထောက်ခံသူ ဖမ်းဆီးသတ်ဖြတ် ခံရ

By မင်းထက် (မဇ္စျိမ)
21 June 2023
ဒေးဒရဲမြို့နယ်တွင် အုပ်ချုပ်ရေးမှူး၏ တိုင်ကြားမှုကြောင့် NLD ပါတီထောက်ခံသူ ဖမ်းဆီးသတ်ဖြတ် ခံရ

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာမှ အမျိုးသားတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့်ရဲများက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ၏ ရိုက်နှက်မှုကြောင့် တိုးကျေးရွာနေ အသက် ၃၀ အရွယ် ကိုကျော် ဝင်းနိုင်သေဆုံးခဲ့ခြင်းဖြစ်သည်။

ကိုကျော်ဝင်းနိုင်သည် ဇွန်လ ၅ ရက်နေ့ညပိုင်းက တိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှထွဋ်၏ တိုင်တန်းမှု ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက် ဇွန်လ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် ဒေးဒရဲ ရဲစခန်းအချုပ်ခန်း၌ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

“သေသွားပြီဆိုပြီး ကိုကျော်ဝင်းနိုင်ရဲ့မိသားစုနဲ့ တိုးကျေးရွာအုပ်ချုပ်ရေးမှူးကို လှမ်းခေါ်တယ်။ ပြီးတော့ မိသားစုကို အလောင်းမပြဘဲ သင်္ဂြိုဟ်လိုက်ကြတယ်။ ဒဏ်ရာတွေနဲ့အလောင်းကို တွေ့မှာစိုးလို့ထင် တယ်” ဟု ဆိုသည်။

သေဆုံးသူသည် NLD ပါတီ ဝန်းရံထောက်ခံသူတဦးဖြစ်ပြီး လူသိများကာ လူချစ်လူခင်ပေါများသူဖြစ် ကြောင်း ဒေသခံများကဆိုသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံရေး၊ တော်လှန်ရေးနှင့် မပတ် သက်ဘဲ တိုးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။

“ကိုကျော်ဝင်းနိုင်က ရွာမှာအေးအေးဆေးဆေး နေတဲ့လူဗျ။ အုပ်ကြီးတိုင်လို့ မဆီမဆိုင်အဖမ်းခံရပြီး အသတ်ခံရတာ။ လှထွဋ်က ရွာကိုဒုက္ခပေးနေတာကြာပြီ။ သူ့ကြောင့်အဖမ်းခံရတဲ့သူတွေလည်း မနည်း ဘူး” ဟု တိုးကျေးရွာနေအမျိုးသားတဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများသည် ဒေးဒရဲမြို့နယ် တိုးကျေးရွာနှင့် ရွာချင်းဆက် တမာ တကောကျေးရွာ၌ တပ်စွဲထားပြီး ဦးလှထွဋ်သတင်းပေးတိုင်ကြားသည့် ရွာနီးချင်းကျေးရွာများရှိ ဒေသခံ များကို မတရားဖမ်းဆီးကာ ငွေကြေးတောင်းခံမှုများပြုလုပ်နေသည်ဟု သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း

#ဒေးဒရဲမြို့နယ်

#တိုးကျေးရွာ

#ဖမ်းဆီးသတ်ဖြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly