“လမ်းအားလုံး နေပြည်တော်သို့” စစ်ရေးစီမံချက်ကို အကောင်အထည်ဖော်နေကြောင်း NUG ကာကွယ် ရေး၀န်ကြီး ပြောကြား

By ရောင်နီ (မဇ္ဈိမ)
21 June 2023
“လမ်းအားလုံး နေပြည်တော်သို့” စစ်ရေးစီမံချက်ကို အကောင်အထည်ဖော်နေကြောင်း NUG ကာကွယ် ရေး၀န်ကြီး ပြောကြား
ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှရဲဘော်များ စစ်ဆင်ရေး လေ့ကျင့်ပြင်ဆင်နေကြစဥ်။

“လမ်းအားလုံး နေပြည်တော်သို့” ဟု အမည်ပေးထားသည့် စစ်ရေးစီမံချက်ကို အကောင် အထည်ဖော်နေပြီး ယခုနှစ်အတွင်း စစ်ကောင်စီတပ်ကို စစ်ရေးအရ သိသိသာသာ အသာစီးယူနိုင်ရန် မျှော်မှန်းထားကြောင်း NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က ပြောသည်။

ယခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနောင်းသတင်းဌာန ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားရာတွင် ဦးရည်မွန်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ရဲ့ စစ်ရေးဆောင်ရွက်ချက်က နေပြည်တော်ကိုပဲ ဦးတည်ပါတယ်။ ဘာကြောင့်လဲဆိုရင် နေပြည်တော်ဆိုတာ စစ်ကောင်စီရဲ့အသဲနှလုံး၊ အဲဒီတော့ အခုအချိန်မှာ ကျွန်တော်တို့ လမ်းအားလုံး နေပြည်တော်သို့ အမည်ပေးထားတဲ့ စစ်ရေးစီမံချက်တစ်ခုလည်း One Year ပလန်နဲ့တွဲပြီး အကောင် အထည်ဖော်နေတာဖြစ်တယ်လို့ အသိပေးလိုပါတယ်” ဟု NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က ပြောသည်။

“လမ်းအားလုံး နေပြည်တော်သို့” ဟု အမည်ပေးထားသည့်စစ်ရေးစီမံချက်တွင် ရန်သူ့စိုးမိုးနယ်မြေများကို ထိုးဖောက်ရေးစီမံချက်၊ မိမိတို့စိုးမိုးနယ်မြေနှင့် ERO ထိန်းချုပ်နယ်မြေများတွင် အကောင်အထည်ဖော် မည့်စီမံချက်များပါ၀င်ပြီး နယ်မြေအလိုက် အကောင်အထည်ဖော်ရင်းမှတဆင့် တော်လှန်ရေးကို လက် တွေ့ဆင်နွှဲနေကြောင်း ၎င်းက ဆိုသည်။

လက်ရှိ တော်လှန်ရေးအခြေအနေတွင် မဟာဗျူဟာမြောက် တပ်တည်ဆောက်မှုနှင့် တပ်ဖြန့်နေရာယူမှု ပြီးစီးပြီဖြစ်ပြီး ရန်သူကို နေရာတိုင်းတွင် တိုက်ခိုက်နိုင်သည့်အနေအထားဖြစ်ကြောင်း ဦးရည်မွန်က ပြော သည်။

ယင်းအပြင် ဧရာ၀တီမြစ်မြောက်ဘက်ပိုင်းကချင်ပြည်နယ်မှ တောင်ဖျား ဧရာ၀တီတိုင်းအထိ စစ်မျက်နှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး မကွေးတိုင်းမြောက်ခြမ်းအထိ ကောင်းကောင်းစိုးမိုးနိုင်သည့် အနေအထားဖြစ် ကြောင်း ဦးရည်မွန်က ဆိုသည်။

ထို့ပြင် ယခုလပိုင်း၏ သိသာသည့်တိုးတက်မှုအဖြစ် ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်၏ အရှေ့ဘက် ကမ်းတွင် နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်းပိုကောင်းလာပြီဟု ပြော၍ရကြောင်းလည်း ၎င်းကပြောသည်။

“ အခုအချိန်ထိ ရန်သူစိုးမိုးနယ်မြေတွေလို့ ပြောနိုင်သေးတဲ့ဒေသတွေ၊ ဒီထဲမှာ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ရန်ကုန်၊ ဧရာ၀တီပေ့ါ။ ဒီဒေသတွေမှာလည်း ကျွန်တော်တို့ရဲ့ စစ်ရေးအရှိန် ဒီထက်ပိုပြီးတော့ မြှင့် တင့်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ချူပ်မယ်ဆိုရင် ဒီနှစ်ထဲမှာ စစ်ရေးအရ ရန်သူ့အပေါ်မှာ သိသိသာ သာ အသာစီးယူနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဦးရည်မွန်က မြန်မာနောင်း၏ မေးမြန်းမှုတွင် ဖြေကြားထားသည်။

ထို့ပြင် တော်လှန်ရေး၏ရည်ရွယ်ချက်သည် စနစ်ပြောင်းရေးဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ ဖက်ဒရယ် ဒီမို ကရေစီစနစ်ကို ပြောင်းနိုင်ပြီဆိုသည့်အချိန်မှ တော်လှန်ရေးပြီးမည်ဖြစ်ကြောင်း ဦးရည်မွန်က ဆိုသည်။

စစ်ကောင်စီတပ်နှင့် စစ်အာဏာရှင်များ၏ ခေါင်းထဲ၀င်နေသည့် အင်မတန်ညစ်ညမ်းသည့် ဖက်ဆစ် အတွေးအခေါ် စစ်အာဏာရှင်အတွေးအခေါ်များကို အမြန်ဆုံး ရှင်းလင်းဖျက်သိမ်းနိုင်ပါက တော်လှန်ရေး အောင်ပွဲသည် လက်တကမ်းအကွာတွင်ရှိနေပြီဟု ယုံကြည်ပါကြောင်းလည်း ၎င်းက ထပ်လောင်းပြော ကြားခဲ့သည်။

ယင်းအပြင် ပြည်သူပါ၀င်မှုကြောင့်သာ ပြည်သူ့တော်လှန်ရေးဟုပြောနိုင်ခြင်းဖြစ်ပြီး လက်ရှိ တော်လှန် ရေးအား ပြည်သူလူထု၏ပါ၀င်မှုနှင့်အတူ ပန်းတိုင်ရောက်သည်အထိ မဆုတ်မနစ်ချီတက်သွားမည် ဖြစ် ကြောင်း NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က ပြောဆိုခဲ့သည်။

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှရဲဘော်များ စစ်ဆင်ရေး လေ့ကျင့်ပြင်ဆင်နေကြစဥ်။

ပုံ - NUG ကာကွယ်ရေး၀န်ကြီးဌာန။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)

#ကာကွယ်ရေးဝန်ကြီးဌာန

#လမ်းအားလုံးနေပြည်တော်သို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly