နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တိုးတက်အောင် လုပ်မည်ဟု ဝန်ကြီးသစ် ဦးကျော်ဝင်းပြော

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တိုးတက်အောင် လုပ်မည်ဟု ဝန်ကြီးသစ် ဦးကျော်ဝင်းပြော

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု များပြားတိုးတက်အောင် အစိုးရသစ်လက်ထပ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသစ်ခန့်အပ်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသစ် ဦးကျော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သော ငွေကြေးဆိုင်ရာနှင့် ဘဏ္ဍာရေးမူဝါဒများလိုအပ်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှုတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ကျိမ်းသစ္စာဆိုပြီးနောက် ဦးကျော်ဝင်းက ဆင်ဟွာနှင့် အထူးအင်တာဗျူးတွင်  ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးမှာ ရင်းနှီးမြုပ်နှံမှု အဓိကလိုအပ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များကို နိုင်ငံတွင်း လာရောက်ရင်းနှီးမြုပ်နှံရန် အားပေးမြှင့်တင်သွားရမည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

နိုင်ငံခြားဘဏ်များမှ အတွေ့အကြုံများကို ရရှိခြင်းဖြင့် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍအား မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို စနစ်ကျကျ ချေးငွေများ ထုတ်ပေးနိုင်မည် လည်းဖြစ်ကာ ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုး GDP ကို မြင့်တက်စေမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

အစိုးရသစ်အနေဖြင့် ပြည်သူတို့အကျိုးစီးပွား မြင့်မားစေရေး တာဝန်ခံကာ ဦးစားပေးဖော်ဆောင်သွားမည်ဟု ဦးကျော်ဝင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly