မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံတွေနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NLD ထုတ်ပြန်

By Spring
20 June 2023
မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံတွေနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NLD ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်း ခံထားရ သူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေး ပြဿနာတွေကို ဖြေရှင်းရာ မှာ ခြွင်းချန်ထားလို့မရတဲ့ အရေးပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ခြွင်းချန်ထားလို့မရတဲ့ အရေးပါ ဆုံးသော ခေါင်းဆောင်တစ်ဦးဖြစ်သလို စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဘဲ ပြေလည် ရေး လမ်းစရရှိနိုင်မှာ မဟုတ်ဘူးလို့NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#politicalnews
#newsfeature
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly