ပဋိပက္ခတွေကြောင့် အာရှ၊ ပစိဖိတ်ဒေသတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်အများဆုံးရှိ

By Spring
20 June 2023
ပဋိပက္ခတွေကြောင့် အာရှ၊ ပစိဖိတ်ဒေသတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်အများဆုံးရှိ

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးတဲ့ ဒုက္ခသည်သန်း ၁၁၀ လောက်ရှိနေပြီလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာတင် မြန်မာ၊ ကွန်ဂိုသမ္မတနိုင်ငံနဲ့ အီသီယိုပီယားနိုင်ငံတွေမှာတင် လူတသန်းကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာကိုလည်း ထောက်ပြပါတယ်။

ဒုက္ခသည် ၁.၄ သန်း ရှိတဲ့ အာရှ၊ ပစိဖိတ်ဒေသမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရသူ ၁.၂ သန်း ရှိနေတဲ့ မြန်မာနိုင်ငံကတော့ အများဆုံး ဖြစ်တယ်လို့လည်း UNHCR ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ဒါ့အပြင် မြန်မာမှာ မိုခါမုန်တိုင်းနဲ့ လက်နက်ကိုင်ပဋိက္ခတွေကြောင့်  လူဦးရေ ၁ ဒသမ ၈သန်းကျော်က နေရပ်စွန့်ခွါတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) ကလည်း ထုတ်ပြန်လာပါတယ်။

#politicalnews
#newsfeature

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly