မြန်မာမှာ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာနေကြောင်း ကုလလူ့အခွင့်အရေးဆိုင်မဟာမင်းကြီးပြော

By Spring
20 June 2023
မြန်မာမှာ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာနေကြောင်း ကုလလူ့အခွင့်အရေးဆိုင်မဟာမင်းကြီးပြော

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ လေးပတ်ကြာအစည်းအဝေး အဖွင့်နေ့မှာပြောတဲ့ ကုလ လူ့အခွင့်အရေးအကြီးအကဲရဲ့ မိန့်ခွန်းထဲမှာ မြန်မာ အပါအဝင် ကမ္ဘာတဝန်းလူ့အခွင့်အရေး အခြေအနေ ဆိုးရွားနေပြီး အန္တရာယ်ကြီးတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ် (Volker Türk) က ပြောလိုက်ပါတယ်။

မြန်မာအပါအဝင် နိုင်ငံအများအပြားဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပြဌာန်းထားတဲ့ လူသားအားလုံးရဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်နေပြီး ဖိနှိပ်ချုပ်ခြယ်တဲ့ အစိုးရတွေဟာ လူ့အခွင့်အရေး တိုးတက်စေဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေးထက် ကိုယ်ကျိုးစီးပွား ကို ဦးစားပေး ရှေ့တန်းတင်နေတယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်ပြခဲ့ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ အခြေအနေကိုလည်း ထည့်သွင်း ပြောခဲ့ပြီး စစ်ကောင်စီ ဟာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား ဖြစ်တဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်နဲ့ ပူးပေါင်း ဆောင်ရွက်တာ မရှိသလို ကုလ အထူးကိုယ်စားလှယ်နဲ့လည်း ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းဆိုနေတယ်လို့ ထောက်ပြထားပါတယ်။

#politicalnews

#newsfeature

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly