အွန်လိုင်းလိမ်လည်သူ ၆ ဦးကို တရုတ်သို့ လက်လွှဲပေးအပ်

အွန်လိုင်းလိမ်လည်သူ ၆ ဦးကို တရုတ်သို့ လက်လွှဲပေးအပ်
ဓာတ်ပုံ - ပုံဟောင်း

အွန်လိုင်း လိမ်လည်မှု သံသယရှိသူ ခြောက်ဦးကို မြန်မာမှ တရုတ်ဆီ တနင်္လာနေ့က လက်လွှဲပေးအပ်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာရဲတပ်ဖွဲ့က အဆိုပါ သံသယရှိသူများကို တရုတ်ရဲလက် အပ်နှံခြင်း ဖြစ်ပြီး ၎င်းတို့ကို တရုတ်သို့ ပြန်ပို့ခဲ့သည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်း သံသယရှိသူများကို အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်ပြီး တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ပူးတွဲစစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဆိုသည်။

ယခုကဲ့သို့ စစ်ဆင်ဖမ်းဆီးခြင်းသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများအပေါ် တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ပူးတွဲနှိမ်နင်းမှုများအရ လုပ်ဆောင်ခြင်း ဖြစ်သည်။

တရုတ်သည် ထိုကဲ့သို့သော ရာဇဝတ်မှုများအတွက် မြန်မာနှင့် ထိုင်းတို့နှင့် ဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများနှင့် ဘေးအန္တရာယ် ကင်းရှင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly