မြန်မာပိုင် ကိုကိုးကျွန်းရှိ တရုတ်စောင့်ကြည့်ရေးစခန်းများနှင့် ပတ်သက်ပြီး အိန္ဒိယမေးခွန်းထုတ် 

မြန်မာပိုင် ကိုကိုးကျွန်းရှိ တရုတ်စောင့်ကြည့်ရေးစခန်းများနှင့် ပတ်သက်ပြီး အိန္ဒိယမေးခွန်းထုတ် 

အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်ရှိ ဘယ်လာဆိုးစမ်းသပ်ပစ်ကွင်းတွင် ဒုံးကျည်ပစ်လွှတ်မှုကို ခြေရာခံရန်နှင့် ဗီဆာခါပတ်နမ် မြို့၏ တောင်ဘက် အရှေ့ဘက်ပင်လယ်ကမ်းခြေပိုင်းတွင် စခန်းချထားသော မဟာဗျူဟာ စခန်းများကို ခြေရာခံရန် ဘင်္ဂလားပင်လယ်အော်ရှိ ကိုကိုးကျွန်းတွင် တရုတ်အား စောင့်ကြည့်ရေးနှင့် ထောက် လှမ်းရေးစခန်းများ တည်ထောင်ခွင့်ပြုခြင်းကြောင့် မြန်မာနှင့်ပတ်သက်ပြီး အိန္ဒိယတွင် စိုးရိမ်ပူပန်မှု မြင့်တက် နေသည်။ 

အိန္ဒိယအစိုးရက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆက်ဆံရေး ဆက်လက် တည်ဆောက်ထားပြီး အိန္ဒိယ ဝန်ကြီးချုပ်ရုံး၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများ (South Block)က ကိုကိုးကျွန်းအရေးနှင့် ပတ် သက်ပြီး မေးခွန်းထုတ်မှုများကို မြန်မာအစိုးရက စိတ်ကျေနပ်အောင် အဖြေများမပေးနိုင်ခဲ့ပေ။   

ယင်းကိစ္စနှင့် ပတ်သက်၍ ပြေးလမ်းတိုးချဲ့ခြင်း၊ ခိုင်မာသော အဆောက်အအုံများတည်ဆောက်ခြင်း၊ ကိုကိုး ကျွန်းတွင် စောင့်ကြည့်ရေးစခန်းများ ထူထောင်ခြင်းနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်က မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိကြောင်း မြန်မာစစ်အစိုးရက ငြင်းဆိုထားသည်။ 

မြန်မာစစ်အစိုးရသည် တရုတ်ကို သတိထားနေသော်လည်း ၂၀၂၁ခုနှစ်တွင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ဦးဆောင်အာဏာသိမ်းပြီးနောက် အနောက်အုပ်စုက စစ်အစိုး အစိုးရကို အသိအမှတ်မပြုသဖြင့် မြန်မာအစိုးရအနေဖြင့် တရုတ်နှင့် လက်တွဲရန်မှ လွဲ၍ ရွေးချယ်စရာမရှိ တော့ပေ။  

တရုတ်က မြန်မာကို အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် အကူအညီပေးအပ်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် ကြီးစိုးမည့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်စင်္ကြံတည်ဆောက်ရေးအတွက် ဘင်္ဂလား ဒေ့ရှ်နှင့် အတူ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတွင် မြန်မာအစိုးရပါဝင်လာရေး တရုတ်က ကြိုးပမ်းလျက်ရှိသည်။ 

နိုင်ငံတော်လုံခြုံရေးစီမံသူများ၏ ရင်းမြစ်များနှင့် ရရှိသော ဂြိုဟ်တုဓာတ်ပုံများအရ ကိုကိုးကျွန်းတွင် ထောက်ပို့ လေယာဉ်များ ပျံသန်းရန် ပြေးလမ်းကို တိုးချဲ့ထားပြီး ကျွန်းပေါ်တွင်နေထိုင်သည့် တရုတ်များအပါအဝင် စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၁၅၀ဝ နီးပါးအတွက် ရုံ/တန်းလျားအသစ်များ ဆောက်လုပ်ထားကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ 

ကိုကိုးကျွန်းတွင် တရုတ်စောင့်ကြည့်မှုများ ရှိနေခြင်းကို ပထမဆုံးအလေးထားထောက်ပြခဲ့သူမှာ ဗာ့ဂျ်ပါယီ အစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီး ဂျော့ဖာနန်ဒီဖြစ်သော်လည်း  အိန္ဒိယရှိ တရုတ်ထောက်ခံသူများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ 

လက်ရှိတွင် အနီးနားရှိ ဂျယ်ရီကျွန်းနှင့် ဆက်သွယ်ရန် သဲလမ်းဖောက်လုပ်ခြင်းအား မြန်မာစစ်တပ်က မြေယာ ရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိသည်။ 

မြန်မာနှင့် ကိုကိုးကျွန်းအရေးကို အိန္ဒိယက ဆက်လက်တင်ပြနေချိန်တွင် ဗီဆာခါပတ်နမ်မြို့ မှ ကီလိုမီတာ ၅၀ သာဝေးသော ရမ်ဘီလီရွာတွင် အသစ်တည်ဆောက်ထားသော ရေတပ်အခြေစိုက်စခန်းရှိ အိန္ဒိယနျူကလီး ယားရေငုပ်သင်္ဘောများ၏ လှုပ်ရှားမှုများကို တရုတ်စစ်တပ် (PLA )က စောင့်ကြည့်နေမည်ကို စိုးရိမ်နေသည်။ 

ဘီလာဆိုးနှင့် အေပီဂျေအက်ဒူလာ ကလမ်ကျွန်းရှိ နျူကလီးယားနှင့် သမားရိုးကျ ဒုံးကျည်စမ်းသပ်ပစ်ခတ် နိုင်သော အကွာအဝေးသည် သီအိုရီအရ ကိုကိုးကျွန်းနှင့် လတ္တီတွဒ်အတူတူပင် ဖြစ်သည်။ 

 ယင်းအခြေအနေသည် တရုတ်အနေဖြင့် ပင်လယ်တွင်းမှ ၎င်း၏ နယ်မြေတစ်ခု ဖြစ်လာမည့်နေရာမှ   အိန္ဒိယဒုံးကျည်များ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးကို ထောက်လှမ်းနေရုံသာမက အိန္ဒိယသမုဒ္ဒရာကို မကြာခဏ ဖြတ်ကျော်လေ့ရှိသည့် ယင်း၏ လေကြောင်းထောက်လှမ်းရေးနှင့် ပဲ့ထိန်းဒုံးကျည်ခြေရာခံသင်္ဘောများဖြင့် ယင်း၏ ဖျက်ဆီးနိုင်စွမ်းနှင့် ပတ်သက်၍လည်း  တိကျသည့် အစီအစဉ်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly