သဲကုန်း PDF ၏ ပန်းသပိတ်ပုံရိပ်

By ရွှေနွယ် (မဇ္ဈိမ)
19 June 2023
သဲကုန်း PDF ၏ ပန်းသပိတ်ပုံရိပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ PDF-Thaegon က ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်ခဲ့ကြသည်။

“စကစ ဘယ်လောက် ကြမ်းကြုတ်ရက်စက်နေပါစေ တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူရှေ့ က မားမားမတ်မတ်ရပ်တည်ပြီး ဒီစစ်မိစ္ဆာတွေကို အမြစ်ပြတ်သည်ထိ ချေမှုန်းတိုက်ခိုက်သွားမှာပါ” ဟု သဲကုန်း PDF တာဝန်ရှိသူက ပြောသည်။

ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့အတွက် နိုင်ငံနှင့်အဝှမ်းတွင် ပန်း သပိတ်ကို နေရာအနှံ့တွင်ဆင်နွှဲခဲ့ကြသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#သဲကုန်း_PDF

#ပဲခူးတိုင်း

#ပန်းသပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly