အာဏာသိမ်းကာလအတွင်း မိုးဗြဲမြို့မှာ အရပ်သား ၆၀ ကျော် သေဆုံး

By 001 (မဇ္စျိမ)
19 June 2023
အာဏာသိမ်းကာလအတွင်း မိုးဗြဲမြို့မှာ အရပ်သား ၆၀ ကျော် သေဆုံး

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ အရပ်သား ၆၀ ကျော်သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

PKPF ရဲ့ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ သေဆုံးသူတွေထဲမှာအမျိုးသား ၄၅ ဦး၊ အမျိုး သမီး ၁၅ ဦးနဲ့ ကျား၊ မ မသိရသေးသူ ခြောက်ဦးပါဝင်ပြီးအဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး သူငယ် ၁၃ ဦးပါဝင်ပါတယ်။

အရပ်သားတွေဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှု ခံရတာ၊ လက်နက်ကြီးထိမှန်တာ၊ လေကြောင်းကနေ တိုက်ခိုက်ခံရတာ၊ မိုင်းနင်းမိတာနဲ့ လက်နက်ကြီးသံကြောင့် ထိတ်လန့်ပြီး သေဆုံးရတာတွေ ပါဝင်ပါတယ်။

ရုပ်သံတည်းဖြတ် - KMN

#Mizzima

#PKPF

#မိုးဗြဲမြို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly