ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင် ၁,၅၀၀ အတွက် အစားအစာများ ထောက်ပံ့

By 008 (မဇ္ဈိမ)
19 June 2023
ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင် ၁,၅၀၀ အတွက် အစားအစာများ ထောက်ပံ့

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင် ၁,၅၀၀ အတွက် ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ထမင်းနှင့်ဟင်းများ လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။

“အခုလို အမေ့မွေးနေ့မှာ ပြည်သူတွေကိုတတ်နိုင်သလောက် ကူညီအားဖြည့်ပေးခဲ့ပါတယ်။ ပြည်သူတွေ ရော၊ အမေစုပါ လွတ်မြောက်စေချင်ပါပြီ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူကပြော သည်။

လက်ရှိတွင် ဆားလင်းကြီးမြို့နယ်၌ စစ်ဘေးရှောင် ၃,၀၀၀ ကျော်ရှိနေပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် ဇွန်လ ၉ ရက်နေ့က ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင် စီတပ်မှ စစ်ကြောင်းထိုး မီးရှို့မှုများပြုလုပ်နေခြင်းကြောင့် စစ်ဘေးရှောင် ၃,၀၀၀ ကျော်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။

စစ်ဘေးရှောင်များအနက်မှ အချို့သည် စစ်ဘေးရှောင်စခန်းလေးခုတွင် နေထိုင်နေရသော်လည်း အချို့ မှာ လယ်ကွင်းပြင်၌ တဲထိုးနေထိုင်နေကြရကြောင်း သိရသည်။

“ယာယီစစ်ရှောင်စခန်းလေးနေရာတော့ရှိတယ်၊ တချို့ပြည်သူတွေက လယ်ကွင်းပြင်ထဲ အမိုးမလုံ၊ အကာ မလုံနဲ့ စစ်ရှောင်နေရတယ်ဗျ၊ ရက်ကြာလာတော့ စားဝတ်နေရေးအခက်ခဲဖြစ်တာပေါ့" ဟု အညာပစ် တိုင်းထောင် လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#ဆားလင်းကြီး

#Mizzima

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly