နေးရှင်းလိဂ် ချန်ပီယံဖြစ်ပြီးနောက် 'နောက်ထပ် ပျော်ရွှင်ဝမ်းမြောက်မှုတွေ ရှိလာမယ်'လို့ စပိန် နည်းပြ ပြော

နေးရှင်းလိဂ် ချန်ပီယံဖြစ်ပြီးနောက် 'နောက်ထပ် ပျော်ရွှင်ဝမ်းမြောက်မှုတွေ ရှိလာမယ်'လို့ စပိန် နည်းပြ ပြော
Photo: AFP

စပိန်နည်းပြ လူးဝစ် ဒီလာ ဖူရန်တေးက တနင်္ဂနွေနေ့မှာ သူ့နိုင်ငံရဲ့ နေးရှင်းလိဂ် အောင်ပွဲဟာ လာရိုဂျာတွေအတွက် အောင်မြင်မှုခေတ်သစ်ကို အထောက်အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

 ရော့တာဒမ်က ဖီယင်နုရဲ့ De Kuip ကွင်းမှာ မိနစ် ၁၂၀ အပြီး နှစ်ဖက်အသင်း ဂိုးမရှိသရေကျပြီးနောက် သူတို့ဟာ ခရိုအေးရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

စပိန်အသင်းဟာ ယူရို ၂၀၁၂ မှာ အောင်ပွဲခံခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဆုဖလားမဆွတ်ခူးနိုင်ခဲ့ဘဲ ကာတာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

လူးဝစ် အင်းနရစ် နေရာ အစားထိုးဖို့ အံ့အားသင့်ဖွယ် ခန့်အပ်ခံခဲ့ရသူ ဒီလာ ဖူရန်တေးဟာ စပိန်ဘောလုံးအဖွဲ့ချုပ်အတွင်း လူငယ်ဘောလုံးလောကမှာ နှစ်အတော်ကြာ လုပ်ကိုင်ခဲ့သူပါ။

"ဒီအစုအဖွဲ့ကို ကျနော် ကောင်းကောင်းသိပါတယ်၊ အဆင့်တိုင်းမှာ သူတို့အနိုင်ရတာကို ကျနော်မြင်ခဲ့ရပြီးပါပြီ"လို့ ဒီလာ ဖူရန်တေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"သူတို့အတွက် ဝမ်းသာ ပျော်ရွှင်ရပါတယ်၊ ဝန်ထမ်းတွေရော၊ စပိန်အတွက်ပါ ကျနော် ပျော်ပါတယ်။ ကျနော်တို့ နိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့ ၂၀၁၀ (ကမ္ဘာ့ဖလား) ကနေ  ဂုဏ်ယူရတဲ့ မျှော်လင့်ချက်မျိုး ကျနော်တို့ဟာ ပြန်ရရှိတယ်လို့ ကျနော် မျှော်လင့်ပါတယ်"

သူက ဆက်လက်ပြီး "ဒီမျိုးဆက်တွေကို ကျနော် ကောင်းကောင်းသိပါတယ်။ အောင်မြင်မှုက ခင်ဗျားကို ပိုတောက်ပစေတယ်၊ ပြီးတော့ အနာဂတ်မှာ နောက်ထပ် ပျော်ရွှင်မှုတွေ ရှိလာမယ်လို့ ကျနော် မျှော်လင့်တယ်။

“ပရောဂျက်အားလုံးဟာ အောင်မြင်မှုရဲ့ အခြေခံပေါ်မှာ ပိုကောင်းအောင် တည်ဆောက်ထားပြီး ဒါက ကျနော်တို့ကို ပိုပြီး ခွန်အား၊ ပိုယုံကြည်မှု၊ ပိုတည်ငြိမ်မှုပေးတယ်။

"များသောအားဖြင့်တော့ ဒီအစဉ်အဆက်ဟာ အနာဂတ်မှာ သူ့အလိုလို ထပ်ခါထပ်ခါ ဖြစ်နေတယ်၊ ကျနော် အောင်မြင်မှုရဖို့ အဆင်သင့်ဖြစ်နေပါပြီ။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly