ပဲခူးရိုးမထဲက PDF တပ်ဖွဲ့ဝင်အချို့၏ ပန်းသပိတ်ပုံရိပ်

By ရွှေနွယ်( မဇ္ဈိမ )
19 June 2023
ပဲခူးရိုးမထဲက PDF တပ်ဖွဲ့ဝင်အချို့၏ ပန်းသပိတ်ပုံရိပ်

ပဲခူးတိုင်းအနောက်ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပန်းသပိတ်ကို ပဲခူးရိုးမအတွင်း ပြုလုပ်ခဲ့ကြသည်။

တပ်စခန်းအနီးရှိ ပန်းများကိုခူးယူ၍ ပန်းသပိတ်တွင်ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

“လွမ်းအတိတ်ကို ပန်းသပိတ်နှင့်ကြိုမယ်၊ အမေစုကျန်းမာပါစေ၊ အသက်ရာကျော်ရှည်ပါစေ၊ အမေစုနဲ့ မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်" ဟု Phoenix DF အဖွဲ့က ပြောသည်။

အကျဉ်းကျခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၎င်း၏မွေးနေ့များကို ဖမ်းဆီးချုပ်နှောင်ခံရင်းဖြတ်သန်းနေရပြီး ယခုနှစ်တွင်လည်း နေပြည်တော်အချုပ်ထောင်အတွင်းပင် ၇၈ နှစ်ပြည့်မွေးနေ့ကို ကျော်ဖြတ်နေရခြင်း ဖြစ်သည်။

စာတည်း။   ။ နောင်နောင်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly