ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် နှစ်ဆတက်လာနိုင်

ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် နှစ်ဆတက်လာနိုင်

နယူးယောက်၊ မတ် ၃၁ ။           ။ အန္တာတိက၏ ရာသီဥတုပြောင်းလဲမှုကို အကဲဖြတ်ချက်အရ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် လက်ရှိအကောင်းဆုံးခန့်မှန်းချက်ထက်   နှစ်ဆ မြင့်တက်လာနိုင်ကြောင်း သိရသည်။

အန္တာတိကတွင် ရေခဲများ အရည်ပျော်မှု ဖြစ်စဉ် တစ်ခုတည်းကပင် ယခုရာစုနှစ်ကုန်၌ ပင်လယ်ရေမျက်နှာပြင်ကို တစ်မီတာ အမြင့်ထိ မြင့်တက်လာနိုင်ကြောင်း ယင်းအကဲဖြတ်ချက်တွင် ဖော်ပြသည်။

၂၅၀၀ ခုနှစ်တွင် ယင်းသို့ ရေခဲပြင်များ အရည်ပျော်ခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင်မှာ ၁၃ မီတာအထိ မြင့်တက်လာမည်ဟုလည်း ဖော်ပြထားသည်။

ကာဗွန်ထုတ်လုပ်မှုအား အလျင်အမြန်လျှော့ချခြင်းဖြင့် ယင်းဘေးအန္တရာယ်အတွက် ကန့်သတ်နိုင်မည်ဖြစ်ကြောင်း သုတေသနပညာရှင်အဖွဲ့က ရေးသားသည်။

၂၀၁၃ ခုနှစ်က IPCC အဖွဲ့၏ ခန့်မှန်းထားချက်တွင် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး မည်သို့မျှ မလုပ်ဆောင်ပါက ၂၁၀၀ တွင် ပင်လယ်ရေမျက်နှာပြင်က ၉၈ စင်တီမီတာ မြင့်တက်လာမည်ဟု ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လက်ရှိသုတေသနသစ်က အန္တာတိကရေခဲအရည်ပျော်မှု တစ်ခုတည်းဖြင့်ပင် ၂၁၀၀ ခုနှစ်၌ ပင်လယ်ရေမျက်နှာပြင်က ၁ ဒသမ ၁၄ မီတာအထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly