ယူကရိန်းနှင့် အိန္ဒိယအကြီးအကဲနှစ်ဦး၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ရေး ဆွေးနွေး

ယူကရိန်းနှင့် အိန္ဒိယအကြီးအကဲနှစ်ဦး၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ရေး ဆွေးနွေး

ယူကရိန်းသမ္မတရုံးအကြီးအကဲ အန်ဒရီ ယာမတ်သည် အိန္ဒိယဝန်ကြီးချုပ်၏ နိုင်ငံတော်လုံခြုံရေးအကြံပေး အာဂျစ်ကူးမားဒိုဗယ်အား ဇွန်လ ၁၄ရက်တွင် ဖုန်းခေါ်ဆိုကာ နှစ်နိုင်ငံသဘောတူညီချက်များကို အကောင် အထည်ဖော်ရေး ဆွေးနွေးခဲ့သည်။

ဂျပန်တွင် မေလ ၂၀ရက်က ကျင်းပခဲ့သည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းသမ္မတ ဇာလန်စကီးက အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဆွေးနွေးစဉ်ကရရှိခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ၎င်းတို့နှစ်ဦးက ဆွေးနွေးခဲ့ကြောင်း ယူကရိန်းသမ္မတ၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင်  ဖော်ပြထားသည်။

ဆွေးနွေးမှု၏ အဓိကအကြောင်းအရာမှာ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ပုံစံကို အကောင်အထည်ဖော်ရေးဖြစ်ပြီး အထူးသဖြင့် ယူကရိန်းငြိမ်းချမ်းရေး အစီအစဉ်အတွက် နိုင်ငံတကာ အထောက်အပံ့များ စုစည်းမှုနှင့် ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်ပုံစံကို အကောင်အထည်ဖော်ရာတွင် အိန္ဒိယ ပါဝင်လာနိုင်သည့် အလားအလာတို့ကို ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများကိုလည်း ၎င်းတို့နှစ်ဦးက ဆွေးနွေးခဲ့ကြသည်။

ယင်းထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအပါအဝင် နိုင်ငံအများအပြားက ကျယ်ကျယ် ပြန့်ပြန့်ပါဝင်ရန် လိုအပ်ကြောင်း အန်ဒရီ ယာမတ်က အလေးပေးပြောကြားခဲ့သည်။

"ကမ္ဘာကြီးနဲ့ ယူကရိန်းအတွက် ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ပုံစံက ပိုကောင်းတယ်ဆိုတာ မကြာသေးမီက အဖြစ်အပျက်တွေက ထပ်မံ သက်သေပြခဲ့ပါတယ်။ ဒီမော်ဒယ်ကို အကောင်အထည်ဖော်ရင်း ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ပြင်ဆင်ရေးအတွက် မိတ်ဖက်တွေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အိန္ဒိယကလည်း ပါဝင်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ယူကရိန်းသမ္မတရုံးအကြီးအကဲ

က ပြောကြားခဲ့သည်။

စစ်မြေပြင်ရှေ့တန်းတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ငြိမ်းချမ်းသော ယူကရိန်းမြို့များနှင့် အရပ် သားများကို တိုက်ခိုက်နေသည့် ရုရှား၏ ဒုံးကျည်နှင့် ဒရုန်းများအကြောင်းကို အန်ဒရီ ယာမတ်က အာဂျစ် ကူးမားကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး၏ တရားဝင် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ကက်ဟော့ဗ်ကာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ကျူးကျော်တိုက်ခိုက်ခဲ့သည့် ရုရှားအကြမ်းဖက်ဝါဒ ကြောင့် ဖြစ်ပေါ်သည့်သဘာဝပတ်ဝန်းကျင်ကပ်ဘေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုး ဆက်များကို သမ္မတရုံးအကြီးအကဲက အဓိကထားတင်ပြခဲ့ပြီး ယင်းလူကြောင့်ဖြစ်ပေါ်သည့် ကပ်ဘေး အကျိုးဆက်များကို ဖယ်ရှားပစ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယကို တောင်းဆိုခဲ့သည်။ 

“ကက်ဟော့ဗ်ကာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖောက်ခွဲမှုက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တဲ့ အကြမ်း ဖက်လုပ်ရပ်နဲ့ ရုရှားရဲ့ နောက်ထပ် စစ်ရာဇဝတ်မှုတစ်ခုပါ။ ဒါက အကြီးမားဆုံးသော သဘာဝကပ်ဘေးဖြစ်ပေါ် စေတဲ့ ခေတ်ပေါ်ရာဇဝတ်မှုတစ်ခုဖြစ်ပါတယ်။ ရန်သူက မကြုံစဖူးလူကြောင့် ဖြစ်ပေါ်တဲ့ကပ်ဘေးနဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်ပေါ်စေခဲ့တဲ့အပြင် ဥရောပရဲ့ အကြီးဆုံး နျူကလီးယားဓာတ်အားပေး စက်ရုံဖြစ်တဲ့ Zaporizhzhia NPP မှာ နျူကလီးယားမတော်တဆမှု အန္တရာယ် ဖြစ်ပေါ်ဖို့ ဖန်တီးခဲ့ပါတယ်။ ဒီကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုတွေကို တားဆီးဖို့ ကမ္ဘာ့နိုင်ငံတွေက ဘက်မလိုက်ဘဲ ပြတ်ပြတ်သားသားနဲ့ အရေးတကြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု အန်ဒရီ ယာမတ်က အလေးပေးပြောကြား ခဲ့သည်။

https://www.mid-day.com/news/world-news/article/ukraine-india-discuss-im...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required