နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇  ဇွန်  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇  ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ထဲက စခန်းကြီးရွာတိုက်ပွဲအတွင်း ရန်သူ့တပ်က လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး Faw ကား ၂စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကဒီနေ့မှာ အသိပေးထုတ်ပြန်လိုက်သည်။

•    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စိုးမိုးနယ်မြေတွေမှာရှိသည့် အလုပ်သမား များ အတွက် အလုပ်အကိုင်များ ဖန်တီးရန် ကြိုးစားဆောင်ရွက်လျက် ရှိပြီး အလုပ်သမားများ၏ အခွင့် အရေး နှင့် အတူ မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးများကာကွယ်နိုင်ရန် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုဝန်ကြီးနိုင်သု၀ဏ္ဏက ပြောသည်။

•    နွေဦးတော်လှန်ရေးကာလတွင် LGBTQIA+ အသိုင်းအဝိုင်းရဲ့စွမ်းဆောင်ရည်ကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာနက လေးစားစွာ ဦးညွတ်ဂုဏ်ပြုကြောင်း ၂၀၂၃ ခုနှစ် Pride Month အမှတ်တရ တိုက်တွန်းအားပေးချက်တွင် ဖော်ပြထားသည်။

•    စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်တာက လူမဆန်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကျူး လွန်ခြင်း ဖြစ်ကြောင်း  NUG ပညာရေးဝန်ကြီးဌာနအနေဖြင့် အပြင်းအထန်ရှုတ်ချကြောင်းထုတ်ပြန်သည်။

•    International Conference of Emergency Medicine 2023 သို့ ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာဥက္ကာ တက်ရောက်ပြီး အကြမ်းဖက်စစ်တပ်၏ ကျန်းမာရေးဝန်ထမ်းများ ဆေးရုံ ဆေးပေးခန်းများကို ဖျက်ဆီးနေသည်များကို  ဆွေးနွေးတင်ပြခဲ့သည်။

•    အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများနှင့်  မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက် ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌ရေးဝန်ကြီးဌာနက ကူညီထောက်ပံ့ပေးနေကြောင်း အသိပေးထုတ်ပြန်သည်။

•    တရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၅ဦးကို PDFတပ်ဖွဲ့က ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    အာဆီယံအနေဖြင့် စစ်ကောင်စီကို ဖိအားများ ဆက်ပေးပြီး အတိုက်အခံအင်အားစုများနှင့် ထိတွေ့ဆက် ဆံရန် အမေရိကန်နိုင်ငံရေးခြားဝန်ကြီးက စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်မှာပြောကြား လိုက်သည်။

•    ထိုင်းစစ်အစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲ Track 1.5 ကို ဘန်ကောက်မြို့တွင် ဇွန်လ ၁၉ ရက်နေ့ ကျင်းပရန် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံ နိုင်ငံတချို့ကို ဖိတ်ကြားမှုအပေါ် ရွေးကောက်ပွဲအနိုင်ရ လွှတ် တော်အမတ်လည်းဖြစ်၊ ဒုဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ Chaturon Chaisand က ဝေဖန်ပြောဆို လိုက်သည်။

•    ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

•    ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "ဘယ်လောက် အခက်အခဲ တွေရှိ ပါစေ ငါတို့ဖြတ် ကျော်မယ် နိုင်ကိုနိုင်ရမယ်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုမှ စစ်ဘေးရှောင် ပြည်သူများ အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

•    အနောက်မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် ကနီ၊ ပုလဲနှင့် ဆားလင်းကြီးရှိ စစ်စခန်းများကို ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေးအဖြစ် မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force - SSTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

•    S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဇွန်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ မြို့နယ် ၅ မြို့နယ်နှင့် ကျေးရွာ ၁၀ ရွာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထူးအစီ အစဥ်အဖြစ် စစ်ဘေးသင့် ပြည်သူများအတွက် လိုအပ်မှုများကို ကျပ်သိန်း ၂၅၀ ဖိုး လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး စက်လှေဆိပ်ရှိ တဲများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

•    ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ Japan Myanmar Friendship Association ကိုယ်စား မိုးကာများကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့ ဇွန်လ ၁၇ ရက်အထိ မြွေဆိုးကိုက်ခံရသူ စစ်ဘေးရှောင် ခြောက်ဦးရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်၏ မှတ်တမ်းများအရ သိရသည်။

•    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်ရှိ အမှတ်(၂) ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်သားသုံးဦးသေဆုံးကြောင်း MRDA စေတန် တပ်ခွဲထံမှ သိရသည်။

•    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ၊ရွာလေးရပ်ကွက် (၈) လမ်း (ကွက်သစ်ပိုင်း) တွင် လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ငါးနှစ်အရွယ်ကလေး ငယ်အပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

 

တိုင်းရင်းသား လက်နက်ကိုင်များ
 

•    တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်သည် ကွတ်ခိုင်မြို့နယ်ရှိ ဒေသခံ တအာင်းပြည်သူလူထုထံ ဇွန်လ ၁၆ ရက်က သွားရောက်တွေ့ဆုံခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

•    ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးတပ်ဆင်မှုများ ပြုလုပ်နေ ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဇွန်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

•    မိုခါမုန်တိုင်း ဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သည့် ရခိုင်ပြည်နယ်တွင် အိမ်ထောင်စုအားလုံး၏ ၃၀ ရာ ခိုင်နှုန်းသာ အကူအညီများရရှိထားပြီး ကျန် ၇၀ ရာခိုင် နှုန်းအတွက် အရေးပေါ် ထောက်ပံ့မှုများ လိုအပ် နေ သေးကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေး ပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA) က ဇွန် ၁၆ တွင် ထုတ်ပြန်သည်။

•    ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်း၌ တိုက်ပွဲတွင် အကြမ်း ဖက် စစ်သား ၁၀ ဦးထက်မ နည်း သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲ PDF၊ ရွှေလင်းယုန်တပ်ခွဲ က တရားဝင်ထုတ် ပြန်ပြောဆိုသည်။

•    စစ်ကောင်စီ (တနိုင်း ဒကစ)တပ်နှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားနေသည့် မင်းဇေသန့် ဦးဆောင်သော တနိုင်းဝရာဇွပ် ပြည်သူ့စစ်အဖွဲ့က လက်နက်ကိုင်ဆောင်ထားသည့် KIA တပ်ဖွဲ့ဝင် နှစ်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ပြည်သူ့စစ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

 

စစ်ကောင်စီ
 

•    မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်မှ စတင်ကာ လက်ရှိအချိန်အထိ အာဏာသိမ်း စစ်ကောင်စီတပ်က အမျိုးသမီးများအပေါ် ကျူးလွန်သော လိင်အကြမ်းဖက်မှု ၅၉ မှုရှိနေကြောင်း မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) က ပြောသည်။

•    ASEAN က မြန်မာစစ်ခေါင်းဆောင်များနှင့် အပြည့်အ၀ ပြန်လည်ထိတွေ့ဆက်ဆံရေး ထိုင်းနိုင်ငံအနေဖြင့် အလွတ်သဘောဝန်ကြီးအဆင့် ဆွေးနွေးပွဲ တခု လာမည့်အပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီးဌာ ဖိတ်စာအရ သိရသည်။

•    မုန်တိုင်းအလွန်ကာလဟာ မိုးတွင်းကာလဖြစ်တာကြောင့် သွေးလွန်တုပ်ကွေးနှင့် ဝမ်းရောဂါ စသည့် ရောဂါများကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် လိုအပ်သည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အားဖြည့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးသက်ခိုင်ဝင်းက ပြောသည်။

•    မိုခါမုန်တိုင်းဒဏ်သင့်ဒေသအတွက်ပေးအပ်မည့် နိုင်ငံတကာအကူအညီများနှင့် ပတ်သက်ပြီး ဆောင်ရွက်နိုင် မည့် နည်းလမ်းများကို စစ်တွေမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ကုလသမဂ္ဂဆိုင်ရာ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာယာယီညှိနှိုင်းရေး မှူးအဖွဲ့တို့ ဆွေးနွေးခဲ့ကြသည်။

 

ဇွန် ၁၇ ရက် သုံးသပ်ချက်
 

•    စစ်ကောင်စီမှ စာသင်ကျောင်းနှင့် ဆေးရုံဆေးပေးခန်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ကို တွေ့ရသည်။

•    ရှမ်းပြည်တောင်ပိုင်းမှာလည်း စစ်ကောင်စီမှ စစ်ဆင်ရေးအတွက် ပြင်ဆင်လာပြီး စစ်ရေးတင်း မာနေခြင်းကြောင့် တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required