ပြန်လည်လွှဲအပ်ခြင်း၁၈နှစ်ပြည့် အထိမ်းအမှတ်ကျင်းပနေချိန် သောင်းနှင့်ချီသည့် ဟောင်ကောင်လူထုက ဒီမိုကရေစီချီ တက်ပွဲ တွင် ပါ၀င်ဆင်နွှဲမည်

ပြန်လည်လွှဲအပ်ခြင်း၁၈နှစ်ပြည့် အထိမ်းအမှတ်ကျင်းပနေချိန် သောင်းနှင့်ချီသည့် ဟောင်ကောင်လူထုက ဒီမိုကရေစီချီ တက်ပွဲ တွင် ပါ၀င်ဆင်နွှဲမည်

ဟောင်ကောင်၊ ဇူလိုင်-၁ ။        ။ ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများကို လမ်းများပေါ်မှ ရှင်းလင်း ဖယ်ရှားပြီး ၇လအကြာ မြို့တော်က တရုတ်နိုင်ငံသို့ ပြန်လည်လွှဲအပ်ခြင်း ၁၈နှစ်ပြည့် အထိမ်းအမှတ်ပွဲ ဆင်ယင်နေချိန်၊ ဇူလိုင်လ ၁ရက်နေ့တွင် သောင်းနှင့်ချီသည့် ပြည်သူလူထုများမှာ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပရေး စုဝေးဆန္ဒပြကြမည့် အလား အလာရှိနေသည်။

ဟောင်ကောင်နှင့် တရုတ်အကြီးတန်းအရာရှိများ တက်ရောက်ခဲ့သည့် အလံတင်ပွဲနံနက်ခင်းတွင် လုံခြုံရေးကို အထူးတင်းကျပ် ထားပြီး၊ မြို့ကောင်းကင်ယံတွင် ရဟတ်ယာဉ်ပျံသန်းကာ တရုတ်အမျိုးသားသီချင်းသံမှာလည်း လေထုထဲတွင် လွင့်ပျံနေသည်။

ဒီမိုကရေစီလိုလားသည့် ဆန့်ကျင်သူများထံမှ နှောင့်ယှက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း တက်ကြွလှုပ်ရှားသူတစ်ဦးကိုမူ ရာနှင့်ချီသည့် ပေကျင်းလိုလားသူများ တက်ရောက်သည့် အခမ်းအနားသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်ဟု ဆိုသည်။   

၁၉၉၇ခုနှစ် ဗြိတိန်က ဟောင်ကောင်ကို တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အထိမ်းအမှတ်နေ့နှောင်းပိုင်းတွင် နှစ်ပတ် လည် ဒီမိုကရေစီချီတက်ပွဲအတွက် ရဲထောင်ပေါင်းများစွာမှာ အသင့်အနေအထားဖြင့် ရှိနေကြပြီး၊ ရက်သတ္တပတ်အဆုံးရက်များက ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများနှင့် ပေကျင်း ဗဟိုအစိုးရထောက်ခံသူများကြား ထိပ်တိုက်တွေ့မှုများ၏ နောက် ဆက်တွဲအနေဖြင့် တင်းမာမှုများမှာ မြင့်မားနေဆဲဖြစ်သည်ဟု မီဒီယာက ပြောကြားခဲ့သည်။

 ‘ဟောင်ကောင်လူထုရဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်ဖို့ သန္နိဌာန်က ပြောင်းလဲမသွားသေးဘူးလို့ ကျနော်ထင်တယ်။ ချီတက်ပွဲမှာ ပါဝင်ပြီး သူတို့ဆန္ဒကို ဖော်ထုတ်ပြသဖို့ အခွင့်အရေးကို တန်ဖိုးထားကြလိမ့်မယ်လို့ ကျနော်ထင်တယ်’ဟု ဆန္ဒပြပွဲကို စည်းရုံး ကျင်းပသည့် အရပ်သားအခွင့်အရေးတပ်ဦးမှ ဒေစီ ချန်းက ပြောကြားသည်။

ဟောင်ကောင်၏ ဥပဒေပြုအဖွဲ့က မြို့တော်တွင် အကြမ်းဖက်ဆန္ဒပြမှုများကို ဖြစ်ပွားစေခဲ့သည့် ပေကျင်း ကထောက်ခံသော ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကို ဗီတိုဖြင့်ပယ်ချခဲ့ပြီးနောက် ရက်သတ္တနှစ်ပတ်အကြာတွင် ဤလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး၊ ပေကျင်းကို နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးစိန်ခေါ်မှုနှင့် ကြုံတွေ့စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly