ပြည်တွင်း စပါးအထွက်နှုန်းက ၅ နှစ်တာ ပျမ်းမျှအောက် ၈ ရာခိုင်နှုန်း ကျဆင်း

ပြည်တွင်း စပါးအထွက်နှုန်းက ၅ နှစ်တာ ပျမ်းမျှအောက် ၈ ရာခိုင်နှုန်း ကျဆင်း

ပြီးခဲ့သည့် ဇွန်လတွင် အဆုံးသတ်သော နောက်ဆုံး ရိတ်သိမ်းရာသီအကုန်၌ မြန်မာနိုင်ငံ၏ ၂၀၂၂ ခုနှစ်အတွက် တစ်နှစ်တာ စပါးအထွက်နှုန်းသည် တန်ချိန် ၂၄ ဒသမ ၇ သန်း ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဌာန၏ ဇွန် ၁၄ ရက်တွင် ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်နှင့် အစောပိုင်း သတိပေးစနစ် အစီရင်ခံစာအရ သိရသည်။

၂၀၂၁ ဖေဖော်ဝါရီမှစတင်ကာ ဈေးမြင့်တက်နေသော စိုက်ပျိုးရေးပစ္စည်းများကို လယ်သမားများက ရင်ဆိုင်နေရခြင်းကြောင့် စိုက်ပျိုးမှု နည်းပါးရာမှ စုစုပေါင်း အထွက်နှုန်းသည် ငါးနှစ်တာ ပျမ်းမျှအောက် ရှစ်ရာခိုင်နှုန်း ရှိသည်။ ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့်လည်း ငွေကြေးရှားပါးသဖြင့် လယ်သမားများအား စိုက်ပျိုးရေး ချေးငွေ ချထားပေးခြင်းများ ရပ်ဆိုင်းထားရသည်။

၂၀၂၂ ခုနှစ်အတွက် စပါးအထွက်နှုန်း အကဲဖြတ်ချက်ကို ၂၀၂၃ ဇွန်တွင်မှ ထုတ်ဝေဖော်ပြခြင်း ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံ စီးပွားရေး ကျောရိုးမဖြစ်ပြီး နိုင်ငံ ဂျီဒီပီ၏ ၃၂ ရာခိုင်နှုန်းနှင့် အလုပ်အင်အားစု၏ ၅၆ ရာခိုင်နှုန်း ရှိသည်။

သို့ရာတွင် ၂၀၂၁ ၌ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စိုက်ပျိုးရေးကဏ္ဍအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်သကဲ့သို့ အထည်ချုပ် ထုတ်လုပ်မှု၊ စက်မှုလုပ်ငန်း၊ လက်လီအရောင်းနှင့် လက်ကားကုန်သွယ်ရေးကဲ့သို့သော အခြားသော ဝင်ငွေရင်းမြစ်များအပေါ်ပါ သက်ရောက်မှု ရှိနေသည်။

နိုင်ငံ၏ စပါးစိုက်ပျိုးမှု တတိယနှင့် ပဉ္စမ အများဆုံးဖြစ်သော အလယ်ပိုင်း စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လက်နက်ကိုင်ပဋိပက္ခများက ပြင်းထန်နေသည်။ တော်တော်များများသော လယ်သမားများမှာ ပြည်တွင်းနေရပ်ရွှေ့ပြောင်းသူများ ဖြစ်လာခဲ့ပြီး မြေမြုပ်မိုင်းနှင့် အချို့သော နယ်မြေများ၌ စစ်တပ်၏ လုပ်ရပ်များကြောင့် စပါးစိုက်ပျိုးရေးအတွက် လုပ်ငန်းခွင် ပြန်ဝင်ကြရန် စိုးရိမ်ပူပန်မှုများ ရှိနေသည်။

အထွက်နှုန်း ကျဆင်းခြင်းနှင့် လိုအပ်သော သူများသို့ သယ်ယူပို့ဆောင်မှု ခက်ခဲခြင်းတို့ကြောင့် ပြီးခဲ့သည့်လက စပါးပြည်တွင်းဈေးသည် နှစ်ဆကျော် ခုန်တက်ပြီး တစ်နှစ်တာ အမြင့်ဆုံး ဖြစ်ခဲ့သည်။ နယ်မြေမတည်ငြိမ်၍ ပြည်တွင်းနေရပ်ရွှေ့ပြောင်းသူများ လုပ်ငန်းခွင် ပြန်မဝင်နိုင်ခြင်းကြောင့် ဈေးနှုန်း မြင့်တက်မှုက ပို၍ ဆိုးဝါးလာမည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

https://www.mizzima.com/article/myanmar-paddy-production-8-cent-below-fi...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly