Argentina (အာဂျင်တီးနား) နိုင်ငံရွေးကောက်ပွဲ နှင့် Bitcoin က နိုင်ငံရဲ့ပြဿနာများကို ကူညီနေပုံ

Argentina (အာဂျင်တီးနား) နိုင်ငံရွေးကောက်ပွဲ နှင့် Bitcoin က နိုင်ငံရဲ့ပြဿနာများကို ကူညီနေပုံ

Bitcoin ကို တရား၀င် ၀င်ငွေဖြစ်ဖို့ ကတိပေးထားတဲ့ အာဂျင်တီးနားနိုင်ငံရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း

ယခုလာမယ့် အောက်တိုဘာ လ ၂၂ ရက်နေ့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာကျော် ဘောလုံးသမား မက်စီရဲ့ မွေးရပ်နိုင်ငံ အာဂျင်တီးနားနိုင်ငံမှာ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ၄င်းရွေးကောက်ပွဲဟာ သမ္မတ၊ အမျိုးသားကွန်ဂရက် အဖွဲ့၀င်များနဲ့ ပြည်နယ်

အစိုးရအဖွဲ့၀င်များကို ရွေးချယ်မယ့် ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်။

အာဂျင်တီးနား နိုင်ငံဟာ အဆိုပါရွေးကောက်ပွဲကို စီးပွားရေးအကြပ်အတည်းတွေကြားထဲမှာ

ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံ ရဲ့ စီးပွားရေးမှာ ငွေကြေးတန်ဖိုးကျဆင်းမှု ၆၀ ရာခိုင်နှုန်း နီးပါး ရှိပြီးတော့ နိုင်ငံရဲ့ ကြွေးမြီး တွေကိုလည်း ပြန်ဆပ်ရန်တော်တော်ကြိုးစားနေရတဲ့

အခြေအနေ တစ်ခုဖြစ်ပါတယ်။ နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းက ၁၀၄% အထိရှိနေပါတယ်။ အဲ့ဒါ ကြောင့် အာဂျင်တီးနားနိုင်ငံ ရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တောင် ဖြစ်လာမယ့် သမ္မတ က နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ဦးမော့လာအောင် တော်တော်ကြိုးစား

ယူရမှာ ဖြစ်ပြီး ပြည်သူတွေရဲ့ အစိုးရအပေါ်မှာ ယုံကြည်မှု ကိုရရှိလာအောင်လည်းပြန်လုပ်ဖို့ ကတော်တော်ကို ခက်ခဲမှာ ဖြစ်ပါတယ်။

အဆိုပါရွေးကောက်ပွဲ မှာ ထိပ်ဆုံးကနေဦးဆောင်နေသူတစ်ဦးကတော့အတိုက်အခံ ပါတီမှ​ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ Javier Milei ဖြစ်ပါတယ်။ အဆိုပါ ရွေးကောက်ပွဲ သမ္မတလောင်းဟာ “ Bitcoin ကို သူတို့နိုင်ငံရဲ့ တရား၀င်ငွေကြေးဖြစ်ရမယ်”

လို့ ကြွေးကြော်ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ Bank တွေနဲ့ သမာရိုးကျငွေ ပေးချေမှု

တွေဟာ လူအများကို အကြွေးနွံထဲရောက်စေတဲ့ အလိမ်အညာတစ်ခုလိုပဲလို့ပါ ပြောထားဖူးပါတယ်။

Bitcoin ကို တရား၀င်ငွေကြေးအဖြစ်အသုံးပြုခြင်းကြောင့် ဆင်းရဲ တဲ့နိုင်ငံကနေ ပြီးတော့ ပြန်လည်ဦးမော့ လာနိုင်ငံတွေ ဥပမာ အနေနဲ့ ရှိခဲ့ခြင်းကြောင့် တရား၀င်ငွေကြေးအဖြစ်အသုံးပြုခြင်းကနိုင်ငံ ရဲ့ အခြေအနေ တိုးတက် ပြောင်းလဲလာနိုင်တယ်လို့သူက

ခန့်မှန်းထားပါတယ်။

Bitcoin ကိုငွေကြေး အဖြစ်အသုံးပြုလာပါက အာဂျင်တီးနား နိုင်ငံဟာ ငွေကြေးဖောင်းဖွမှု ပြသနာကို လျော့ချလာနိုင်မှာ ဖြစ်လလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များနဲ့ ငွေကြေးကို အသုံးပြု ရတဲ့ အခန်းကဏ္ တွေ ဖြစ်တဲ့ ကုန်သွယ်ရေး သယ်ယူ

ပို့ဆောင်ရေး နဲ့ စတဲ့ နေရာတွေ မှာ များစွာ တိုးတက်ပြောင်းလဲ လာနိုင်ပါတယ်။ သမ္မတ Javier Milei ရွေးကောက်တင်မြှောက် ခံရပါက Bitcoin သည် တရား၀င် ငွေကြေးဖြစ်လာမည် ဖြစ်ပြီး အခုပြောပြခဲ့တဲ့ အချက်တွေ ဟာ အာဂျင်တီးနား နိုင်ငံမှာ တကယ် လက်တွေ့ ဖြစ်လာနိုင်မလား စိတ်ဝင်စားဖို့

ကောင်းပါတယ်။

ကိုးကား

Argentina’s Crypto Ban Propels Pro-Bitcoin Presidential Candidate in Polls (beincrypto)

Javier Milei, an Argentine libertarian, is rising in the polls (Economist)

BRAZIL AND ARGENTINA DON’T NEED A COMMON CURRENCY, THEY NEED BITCOIN (Bitcoin Magazine)

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် →

https://t.me/BitcoinMyanmarEDU

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly