“ကရင်နီဒေသမှာ ဘာတွေဖြစ်နေလဲ” KNDF ဒုစစ်ဦးစီးချုပ် မာဝီ နှင့် ဆက်သွယ်မေးမြန်းချက် 

By ဂျူချန်း (မဇ္ဈိမ)
16 June 2023
“ကရင်နီဒေသမှာ ဘာတွေဖြစ်နေလဲ” KNDF ဒုစစ်ဦးစီးချုပ် မာဝီ နှင့် ဆက်သွယ်မေးမြန်းချက် 

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဖွဲ့စည်းပြီး နှစ်နှစ်ကျော်ကာလအတွင်း တပ်ဖွဲ့ဝင်အင်အား ၆,၀၀၀ မှ ၈,၀၀၀ ကြား အထိ စုစည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ် နေရာအနှံ့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးတွေများနေတယ်လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

“စစ်ကောင်စီ မိသားစုတွေက ဈာပနအခမ်းအနားတွေပဲ လုပ်နေရတဲ့အခြေအနေမျိုးကို ကျနော်တို့ ကရင်နီတွေက ဖန်တီးပေးနေတာပဲ ဖြစ်ပါတယ်” လို့ မာဝီက ပြောပါတယ်။

ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတာဖြစ်တာကြောင့် နိုင်ငံတကာအနေနဲ့ မျက်နှာကြီးရာ ဟင်းဖက်မပါဘဲ ယူကရိန်းနည်းတူ မြန်မာပြည်သူလူထုသည်လည်း ပံ့ပိုးခံသင့်တယ်လို့ မာဝီက ပြောပါတယ်။

စာမူတည်းဖြတ်။ ။ ဖူးသိမ်ကျ
စာတည်း။ ။ အောင်ကျော်ဖြိုး

#ကရင်နီပြည်နယ်
#KNDF
#ဆက်သွယ်မေးမြန်းချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly