မင်းဘူးမြို့ အထိတ်တလန့် ဖြစ်သွားစေတဲ့ ကုန်တင်ယာဉ်မီးလောင်မှု

မင်းဘူးမြို့ အထိတ်တလန့် ဖြစ်သွားစေတဲ့ ကုန်တင်ယာဉ်မီးလောင်မှု

မန္တလေး-စစ်တွေသွား ကုန်အပြည့်တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး မတ်လ ၃၀ရက် ညနေ ၄နာရီခွဲခန့်က မကွေးတိုင်း၊ မင်းဘူးမြို့ အမှတ် ၄ရပ်ကွက် မန်ကျည်းချောင်းရပ် လမ်းကွေ့အရောက် လမ်းဘေးရှိ ၄၀၀ဗို့အားရှိ ဓာတ်ကြိုးကို တိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်မီးလောင်နေသည်ကို ယာဉ်မောင်းက မသိဘဲ ဆက်မောင်းရာ လမ်းသွားလမ်းလာမျးက အော်ဟစ်ပြောဆိုခဲ့ရာ လူသူနည်းသည့် မြေကွက်လပ်အထိ မောင်းကာ ရပ်တန့်ထားနိုင်ခဲ့သည်။

"တော်သေးတာပေါ့။ မြို့ကတော့ မီးလောင်တယ်ဆိုပြီး တစ်မြို့လုံး အထိတ်တလန့် ဖြစ်ကုန်ကြတာ။ ယာဉ်မောင်းက ကားမီးလောင်တာကို သိသိခြင်း ဆင်းမပြေးဘဲ အများပြည်သူလွတ်ရာ မောင်းသွားလို့သာ မီးမကူးတာ သူသာတစ်ကိုယ်ကောင်းဆန်ရင် အကုန်ဒုက္ခရောက်ကုန်မှာ" ဟု အမှတ် ၂ရပ်ကွက်မှ ဒေါ်လှလှရွှေက မဇ္ဈိမသို့ပြောသည်။

အဆိုပါ မီးလောင်ရာသို့ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးနှင့် မြို့မရဲတပ်ဖွဲ့ စခန်းမှူးဦးစီးသော ရဲတပ်ဖွဲ့ ၅၀ဦး၊ မင်းဘူးခရိုင် မီးသတ်ဦးစီးမှူးနှင့်သန္ဓေတပ်ဖွဲ့ဝင် ၂၀ဦး၊ အရန်မီးသတ်တပ်ဖွဲ့ ၃၀ဦးနှင့် ပြည်သူလူထု ၁၅၀ဦးခန့်နှင့်အတူ မီးသတ်ယာဉ်၃စီး ရေသယ်ယာဉ်၁စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၀မိနစ်ခန့်အကြာ မီးငြိမ်းခဲ့ကြောင်း သိရသည်။

ယင်းကုန်တင်ယာဉ် မီးလောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်ပါ ဆိုင်ကယ် ၄စီး၊ ဂွန်ဒေါင်း ၁စီး အနည်းငယ်ပျက်စီးခဲ့ပြီး စားသောက်ကုန်မျိုးစုံ ကာလတန်ဖိုး ၉သိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့၍ ယာဉ်မောင်းသူ အောင်အောင်(ခ)ဖိုး
အောင်အား ရဲအုပ်မိုးကျော်ဟိန်းမှ တရားလိုပြုလုပ် တိုင်းတန်းသဖြင့် မင်းဘူးမြို့မရဲစခန်းမှ (ပ)၅၉/၂၀၁၆ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူလျက်ရှိကြောင်း မင်းဘူးမြို့မ စခန်းမှသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly