စစ်ကောင်စီတပ် အမှန်တကယ် အင်အားချိနဲ့နေပြီလား

15 June 2023
စစ်ကောင်စီတပ် အမှန်တကယ် အင်အားချိနဲ့နေပြီလား

တရုတ်နဲ့ ရုရှားဆီကနေ ခေတ်မီစစ်လက်နက် အကူအညီတွေရနေပေမယ့်စစ်အာဏာရှင်တော်လှန်ရေးအင်အား စုတွေရဲ့ဖိအားကို တစ်နေ့တခြား ရင်ဆိုင်ဖို့ခက်ခဲလာတဲ့စစ်ကောင်စီရဲ့အခြေအနေကို ဆန်းစစ်လေ့လာမှုတွေ လုပ်လာကြတာ တွေ့ရပါတယ်။ 

နိုင်ငံတကာကတော့မြန်မာစစ်တပ် အင်အားကို ၃ သိန်းနဲ့ ၄ သိန်းကြားရှိမယ်လို့ ခန့်မှန်းပြီး မြန်မာနိုင်ငံရဲ့တစ်ခုတည်းသောအခြေခိုင်မာတဲ့ အင်တီကျူးရှင်းအဖြစ် ရှုမြင်နေကြဆဲဖြစ်ပါတယ်။ 

ဒါပေမဲ့မြန်မာစစ်တပ်နဲ့ပတ်သက်ပြီး အစဉ်တစိုက်လေ့လာအကဲဖြတ်သူတွေကတော့ လက်ရှိမြန်မာစစ်တပ်ရဲ့အင်အားမှာ ၂ သိန်းတောင် မပြည့်ချင်တော့ဘူးလို့ သုံးသပ်လာကြတာ တွေ့ရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ တစ်နိုင်ငံလုံးအနှံ့ထိုးဖောက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကိုမထိန်းနိုင်တော့သလို အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေသူတို့ဘက်ပါလာအောင် လိုက်လံစည်းရုံနေတာကိုကြည့်ရင် စစ်ကောင်စီ အခြေအနေမဟန်တော့ဘူးလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly