ရှမ်းပြည်နယ် ကြက်သွန်ဖြူ စိုက်ခင်းတွေရေမရ၍ ပျက်စီးလာ

ရှမ်းပြည်နယ် ကြက်သွန်ဖြူ စိုက်ခင်းတွေရေမရ၍ ပျက်စီးလာ

ရန်ကုန်၊ မတ် ၃၀ ။           ။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကြက်သွန်ဖြူ စိုက် ခင်းများရေလောင်း ချိန် ရေမှန်မှန်မရ ခြင်းကြောင့် ပျက်စီးလာကြကြောင်းဒေသခံတောင်သူတွေဆီက သတင်းရရှိသည်။

ရှမ်းပြည်တောင်ပိုင်း ဟဲဟိုး၊ အောင်ပန် နှင့် ကလောမြို့နယ် များက ကြက်သွန်စိုက် ခင်းများ ကို ပုံမှန်ရေ သွင်းနေကျထက်အကြိမ်ရေ လျှော့ ကာ ရေသွင်း လာ ရခြင်းကြောင့် အခင်းတွေ ပျက်စီးလာခြင်းဖြစ်သည် ဟု ကလောမြို့နယ် ကြံပြားကျေးရွာ တောင်သူ ဦးစိုးသက်ကပြောသည်။

“နေကပြင်းတော့ ရေတွေက ခမ်းလာပြီး မှန်မှန် မလောင်းနိုင်တော့ဘူး ကြက်သွန်တွေ အရွက်တွေ ဝါပြီးကျိုးကျလာတယ်၊ မြေသြဇာတွေကျွေး လည်းမရဘူး”ဟု ဆိုသည်။

ကြက်သွန်ဖြူပင် များသည် ရေ ပုံမှန် ရရှိမှု ကိုလို အပ်ပြီး ရေ အလွန်များ ပါကလည်းပျက်စီးနိုင်သလို ရေမရ ပါက လည်းပျက်စီးနိုင်သည် ဟု တောင်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly