"ဆက်ကြေးပေးရတဲ့ ရွှေလုပ်ငန်းတွေကြောင့် ဥရုမြစ် တိမ်ကောပျောက်ကွယ်တော့မယ်" (ရုပ်၊ သံ)

By KMN (မဇ္ဈိမ)
13 June 2023
"ဆက်ကြေးပေးရတဲ့ ရွှေလုပ်ငန်းတွေကြောင့် ဥရုမြစ် တိမ်ကောပျောက်ကွယ်တော့မယ်" (ရုပ်၊ သံ)

ကချင်ပြည်နယ်၊ ဟူးကောင်းလွင်ပြင်၊ ဖားကန့်မြို့နယ်အတွင်းမှာ စတင်မြစ်ဖျားခံတဲ့ ဥရုမြစ်ဟာ  မြန်မာနိုင်ငံရဲ့ ဒုတိယအရေးပါဆုံး ချင်းတွင်းမြစ်ရဲ့အဓိက မြစ်လက်တက် တခုပါ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုထားတဲ့ ကျောက်စိမ်းတူး ဖော်တဲ့လုပ်ငန်းက စွန့်ပစ်မြေစာတွေ၊ ရွှေတူးဖော်တဲ့လုပ်ငန်းက စွန့်ပစ်မြေစာတွေကို စည်းကမ်းမဲ့ စွန့်ပစ်နေတာကြောင့် မြစ်ကြောင်းပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။

ဟုမ္မလင်းမြို့နယ်တွင်း ဥရုမြစ်တလျှောက်က ရွှေတူးဖော်လုပ်ငန်းတွေဟာ လက်နက်ကိုင်အဖွဲ့တွေကို  ရွှေ ထွက်ရှိနှုန်းနဲ့ရွှေတူးစက်အင်ဂျင်ပါဝါပေါ်မူတည်ကာ ငွေကျပ်ငါးသိန်းမှ သိန်းရာချီ ဆက်ကြေးပေး ဆောင် နေရတယ်လို့ ဥရုမြစ် တလျှောက်လေ့လာခဲ့တဲ့ Myanmar Resource Watch အဖွဲ့က ထုတ်ပြန်ပါတယ်။

တင်ဆက်၊ တည်းဖြတ် - KMN
စာတည်း ။ ။ Alden

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly