ရှမ်းပြည်တောင်ပိုင်းမြို့နယ်လေးခုတွင် ပဲပုပ်များ စမ်းသပ်စိုက်ပျိုး

ရှမ်းပြည်တောင်ပိုင်းမြို့နယ်လေးခုတွင် ပဲပုပ်များ စမ်းသပ်စိုက်ပျိုး

ရန်ကုန်၊ မတ် ၃၀ ။            ။ ရှမ်းပြည်နယ်တောင်ပိုင်း၌ ပဲပုပ် စိုက်ပျိုးမှု မအောင်မြင်ခဲ့သော မြို့နယ်လေးခုတွင် ပဲပုပ်မျိုးစိတ်သစ်များ ကို စမ်းသပ်စိုက်ပျိုး လျှက်ရှိကြောင်းသိရသည်။

နိုင်ငံတကာစိုက်ပျိုးရေး အကူညီပေးရေးအဖွဲ့တစ်ခု၏  အကူအညီဖြင့်  ရပ်စောက်မြို့နယ်၊ ဟမ်းဆီးမြို့နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ် နှင့် မိုးနဲမြို့နယ်များတွင် စမ်းသပ်စိုက်ပျိုးလာခြင်းဖြစ်သည် ဟုတောင်သူများက ဆိုသည်။

ရပ်စောက်မြို့နယ်တွင် စမ်းသပ်စိုက်ပျိုးသူ ဒေါ်မနီက “အခုရေဆင်း ၁၄ ဆိုတဲ့မျိုးကို စမ်းစိုက်တယ်၊ကျွန်မ စိုက်လို့ အဆင်ပြေရင်ဒီမျိုးကို အခြားသူတွေကိုလည်းရောင်းပေးမယ်”ဟု AMIA ကိုပြောသည်။

အဆိုပါ တောင်သူများကို Win rock international  ကကူညီထောက်ပံ့ ပေးလျှက်ရှိပြီး  ယခင်မအောင်မြင်ခဲ့သော နေရာများတွင်မျိုးစိတ်သစ်တစ်ခုဖြစ်သော ရေဆင်း ၁၄ ကိုစမ်းသပ် စိုက်ပျိုးနေခြင်းဖြစ်သည်။

အဆိုပါ  အကူအညီပေးရေးအဖွဲ့မှ ပဲပုပ်ပညာရှင် ဦးသက်ထွန်းအောင်က“တောင်သူတွေ လက်ထဲမှာ ရှိတဲ့ မျိုးစေ့တွေကမျိုးတွေ ရောနေတယ်မျိုးရောနေတဲ့အတွက် ထွက်လာတဲ့ ပဲပုပ်စေ့အရည် အသွေးလည်းမကောင်းတော့ဘူး။ဒါကြောင့် မျိုးစေ့အသစ် တစ်မျိုးကိုတောင်သူတွေကူညီပြီး စမ်းစိုက်ပျိုးပေးထားတာပါ။ ဒါအောင်မြင်တယ်ဆိုရင်ကျွန်တော်တို့ဆက်လုပ်မှာပါ”ဟု ဆိုသည်။

 ပဲပုပ် ၊ပဲနို့၊ပဲပြား ၊ဆီတို့ဟူး စသောစားသောက်ကုန်များ ထုတ်လုပ်ရုံသာမ က ပဲပုပ်မှ ထွက်သော ကုန်ကြမ်းကိုကြက်စာ၊ငါးစာ များအဖြစ် လဲ အသုံးပြုခြင်းကြောင့် ပဲပုပ် ဈေးကွက်ကခိုင်မာလျှက်ရှိသည် ဟု ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly