တာမွေမြို့နယ် လျှပ်စစ်ရုံးကို မြို့ပြပြောက်ကျားများ ဗုံးခွဲတိုက်ခိုက်

By ဂန္ဒမာ (မဇ္ဈိမ)
13 June 2023
တာမွေမြို့နယ် လျှပ်စစ်ရုံးကို မြို့ပြပြောက်ကျားများ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး၌ ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Freeland Attack Force (FLA) နှင့် Anonymous Fighters Force(AFF)တို့က ဦးဆောင်၍ ပူးပေါင်း မဟာမိတ်အဖွဲ့ဖြစ်သည့် Emerald Girls Army (EGA)တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း FLA အဖွဲ့ကထုတ်ပြန်ထားသည်။

“စစ်ကောင်စီလက်အောက်ခံ‌ ထောက်တိုင်လည်းဖြစ်တယ်၊ ပြည်သူတွေကိုလည်း မီတာခတွေနဲ့ပတ်သက် ပြီး ခြိမ်းခြောက်တောင်းခံလာတာတွေ၊ မီတာရုံး၀န်ထမ်းတွေက ခြိမ်းခြောက်ပြောဆိုတာတွေ ပိုလုပ်လာ လို့လုပ်ခဲ့တာပါ” ဟု တိုက်ခိုက်မှုပြုလုပ်ရသည့်အကြောင်းကို FLA အဖွဲ့တာဝန်ခံကိုနေမျိုးနွယ်က မဇ္ဈိမ သို့ပြောသည်။

ဗုံးပစ်တိုက်ခိုက်မှုအား ည ၁၂ နာရီ ၁၂ မိနစ်တွင် တကြိမ်၊  ည ၁၂ နာရီ ၃၇ မိနစ်တွင်တကြိမ် စုစုပေါင်း နှစ် ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“ပေါက်ကွဲတဲ့နေရာကို ကင်းလှည့်‌နေတဲ့ကားတွေ သွားတယ်သိရတယ်။ ဒုတိယအလုံးကွဲတော့ အိမ်‌တွေပါ တုန်ခါတယ်ဆိုပြီး ပြန်ကြားရတယ်။ သွားတဲ့ ကင်းကားတွေရဲ့ နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေ တယ်” ဟု တာဝန်ခံကိုနေမျိုးနွယ်က ပြောသည်။

တိုက်ခိုက်မှုပြုလုပ်သည့် တာမွေ လျှပ်စစ်ရုံးသည် အာဏာသိမ်းပြီးကာလမှစတင်ကာ ရုံးအတွင်း၊ အပြင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များအား အစောင့်အကြပ်ဖြင့် ချထားပြီး လုံခြုံရေးတင်းကြပ်ထား သည့်နေရာဖြစ်သည်။

ဖောက်ခွဲမှုပြုလုပ်သည့် အဖွဲ့ဝင်များအနေဖြင့် အန္တရာယ်ကင်းစွာဆုတ်ခွာလာနိုင်သည်ဟု အဖွဲ့၏ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က ရုံးအရှေ့၌ လုံခြုံရေးယူနိုင်ရန် သဲအိတ်သာကာထားသော်လည်း ယခုတွင်ဘန်ကာ အခိုင်အမာ ဆောက်ထားကြောင်းလည်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required