မြန်မာအသင်း အာရှဖလားခြေစစ်ပွဲ တတိယအဆင့်မှ စတင်ကစားခွင့်ရ

မြန်မာအသင်း အာရှဖလားခြေစစ်ပွဲ တတိယအဆင့်မှ စတင်ကစားခွင့်ရ
လက်ဘနွန်နှင့်မြန်မာအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ- MFF)

မတ် ၃၀၊ ရန်ကုန် ။               ။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်းမှာ လက်ဘနွန်အသင်းကို အဝေးကွင်းတွင်သရေကစားနိုင်ခဲ့သည့်အတွက် ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုများမှ အကောင်းဆုံးဒုတိယရအသင်းလေးသင်းမှာ အာရှဖလားပြိုင်ပွဲ သို့တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်ပြီး ကျန်လေးသင်းနှင့် အုပ်စုတတိယရအသင်းများ၊ အကောင်းဆုံး အုပ်စု စတုတ္ထရအသင်းများမှာ တတိယအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုအောက်ဆုံးမှ အသင်းများမှာမူ Play-Off အဆင့်မှ ကစားရမည်ဖြစ်သည့် အနိုင်ရမည့် အသင်း ၈သင်းမှာ ခြေစစ်ပွဲ တတိယအဆင့်မှစတင်ကစားရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အာရှဖလားခြေစစ်ပွဲတတိယအဆင့်တွင် မြန်မာအသင်းအပါအဝင် အာဖဂန်နစ္စတန်၊ ဘာရိန်း၊ ဂူအမ်၊ ဟောင်ကောင်၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာဇက်စတန်၊ လက်ဘနွန်၊ မြောက်ကိုရီးယား၊ အိုမန်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တာ့မင်နစ္စတန်၊ ဗီယက်နမ်အသင်းများ ပါဝင်ခွင့်ရထားသည်။

အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တွင် အသင်း ၂၄သင်းကစားရမည်ဖြစ်ပြီး ၁၂သင်းခြေစစ်ပွဲအောင်မည်ဖြစ်သည်။ ၂၀၁၉အာရှဖလားပြိုင်ပွဲကို ယူအေအီးနိုင်ငံတွင်ကျင်းပမည်ဖြစ်ပြီး အသင်း ၂၄သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly