အာဂျင်တီးနားအတွက် ဂိုး ၅၀ ပြည့်မြောက်သွားသည့် မက်ဆီ

အာဂျင်တီးနားအတွက် ဂိုး ၅၀ ပြည့်မြောက်သွားသည့် မက်ဆီ

မတ် ၃၀၊ အာဂျင်တီးနား ။                  ။ အာဂျင်တီးနားအသင်းက ဘိုလီးဗီးယားအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် လီယွန်နယ်မက်ဆီသည် အနိုင်ဂိုးတစ်ဂိုးသွင်း ယူနိုင်ခဲ့သည့်အတွက် နိုင်ငံတကာသွင်းဂိုး ဂိုး ၅၀ ပြည့်မြောက်သွားပြီ ဖြစ်သည်။

အာဂျင်တီးနားအသင်းအတွက် ပထမအနိုင်ဂိုးကို မာကာဒိုက ပွဲချိန် မိနစ် ၂၀ တွင် သွင်းယူပေးခဲ့ပြီး မက်ဆီက ဒုတိယဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် သွင်းယူပေးခဲ့သည်။

မက်ဆီသည် ပထမဆုံးနိုင်ငံတကာသွင်းဂိုးကို ၂၀၀၆ ခုနှစ်က အသက် ၁၈ နှစ်အရွယ်တွင် ခရိုအေးရှားအသင်းနှင့်ကစားခဲ့သော ချစ်ကြည်ရေးပွဲစဉ်၌ သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်မှာပင် ဆာဘီးယားကို ၆-၀ ဂိုးဖြင့်နိုင်သည့်ပွဲတွင် ဂိုးထပ်သွင်းခဲ့ပြီး အာဂျင်တီးနား၏ အငယ်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဂိုးသွင်းရှင် ဖြစ်ခဲ့သည်။

လက်ရှိတွင် အာဂျင်တီးနားနိုင်ငံအတွက် ဂိုးအများဆုံးသွင်းထားသူမှာ တိုက်စစ်မှူးဟောင်း ဘာတစ္စတူတာ ဖြစ်ပြီး ၅၆ ဂိုးသွင်းထားသည်။

တောင်အမေရိကတိုက်တွင် အမိနိုင်ငံအတွက် ဂိုးအများဆုံးသွင်းထားသူများမှာ ပီလီ(ဘရာဇီး ၇၇ ဂိုး)၊ ရိုနယ်ဒို(ဘရာဇီး ၆၂ ဂိုး)၊ ဘာတစ္စတူတာ(အာဂျင်တီးနား ၅၆ ဂိုး)၊ ရိုမာရီယို(ဘရာဇီး ၅၅ ဂိုး)နှင့် မက်ဆီ(အာဂျင်တီးနား ၅၀ ဂိုး) တို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly