မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သရက်ချောင်းမြို့နယ် ကနက်သီရိရွာက ဒေသခံများ(ရုပ်သံ)

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
11 June 2023
မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သရက်ချောင်းမြို့နယ် ကနက်သီရိရွာက ဒေသခံများ(ရုပ်သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကနက်သီရိ‌ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်တပ်စွဲလာတဲ့အတွက် ဒေသခံအများစု မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါ တယ်။

ဇွန်လ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားတဲ့အတွက် တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်နေရသူတွေဟာ သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်းနဲ့ ကနက်သီရိရွာက ဒေသခံတွေ ဖြစ်ပြီး အများစုက နီးစပ်ရာ မြို့၊ ရွာတွေကို ရွှေ့ပြောင်းနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံတည်းဖြတ်။     ။ ရွှေနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required