ရခိုင်က မုန်တိုင်းသင့်ဒေသတွေမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ်များနေ

ရခိုင်က မုန်တိုင်းသင့်ဒေသတွေမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ်များနေ

မိုခါမုန်တိုင်းကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်းက ဒေသ တော်တော်များများမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ အဖြစ်များလာတယ်လို့ သိရပါတယ်။

ရခိုင်မြောက်ပိုင်းကမုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ဆေးဝါးသယ်ယူခွင့်တွေ ကန့်သတ်ခံထားရတာကြောင့် ကျန်းမာရေးစောင့်ရှောင်မှုတွေ အားနည်းနေတယ်လို့လည်း ဒေသခံတွေကို လိုက်လံဆေးကုသပေးနေတဲ့ ဆရာဝန်တဦးက ပြောပါတယ်။ 

ပုဏ္ဏားကျွန်းမြို့နယ်၊ ပြိုင်းတောကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း စားဝတ်နေရေး ခက်ခဲနေသလို မသန့်ရှင်းတဲ့ သောက်သုံးရေတွေကြောင့် ဝမ်းပျက် ဝမ်းလျော ဖြစ်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တဦးက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းက တချို့ဒေသတွေကို စစ်ကောင်စီက သွားရေးလာရေးနဲ့ ဆေးဝါး သယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုတွေ အားနည်းနေတယ်လို့ ဒေသခံ ဆရာဝန်တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ ဒေသံခံတွေဟာ သန်းရှင်းမှုမရှိတဲ့ရေများကို သောက်သုံးနေရကြောင်း ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့  UNDPကလည်း သတင်းထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required