နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ ဇွန်  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ ဇွန်  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နှင့် ဂျပန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမှုကို ဇွန် ၆ ရက်မှာ ဗီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အတွင်းမှာရှိသည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇွန် ၆ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်၊ တပ်ရင်း ၅၁၀၁ က စုဖွဲ့လေ့ကျင့်မှု တချို့ကို စတင်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။ 

  • ဘဏ္ဍာငွေ အလေအလွင့် မရှိစေရေးနှင့် ဦးစားပေး အသုံးပြုရမည့် ကဏ္ဍများတွင် ပိုမိုအားပြု သုံးစွဲကြရန် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး အမှတ်စဉ် (၃ / ၂၀၂၃) တွင် ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြားလိုက်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ဧရာဝတီတိုင်းအတွင်း၊ မြို့နယ် သုံးမြို့နယ်ရှိ မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များ အားလုံးကို စစ်ကောင်စီ တပ်က ပြန်ဖြုတ်သိမ်းသွားကြောင်း ထိုမြို့နယ်များရှိ ဒေသခံများက မဇ္ဈိမကို ပြောသည်။ 

  • ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်(ဗဟို)အနီးတွင် ယမန်နေ့ ဇွန်လ ၆ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာမြို့နယ်အား လုံးဝအုပ်ချုပ်ခွင့်ရမည်မဟုတ်ကြောင်း စစ်ကောင်စီအား အသိပေးလိုသည့်အနေဖြင့် ယနေ့ ဇွန်လ ၇ ရက် နံနက်ပိုင်းက ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၁၀) စစ်အခြေခံလေ့ ကျင့်ရေးတပ် (စခတ ၁၀) (ဒေသအခေါ် အရှေ့တပ်)ကို ၁၀၇ မမဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မိုးကြိုးပြင်ရွာမှ ပြည်သူ ၁၅ ဦးကို ဓားစာခံ အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်တပ်က ဇွန်လဆန်းမှစတင်၍ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့မှုများလုပ်ဆောင်လာကာ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွား ခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ အတွင်း စစ်တပ်ဘက်မှ ၃ ဦးထက်မနည်း သေဆုံးကြောင်း ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ချောင်းညီ ကိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် ဇွန်လ ၆ ရက်နေ့က တိုက် ခိုက်ခံရသဖြင့် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့ကပြောသည်။ 

  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာအမှုအထူးအယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကြားနာရန် ဇွန်လ ၂ ရက်နေ့က လက်ခံလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။ 

  • မန္တလေးတိုင်း ၊ မလှိုင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၅ ရက်နေ့၌ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။ 

  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့တွင် ကြံ့ဖွတ်ပါတီဝင် ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ 

  • ကယားပြည်နယ်ရှိ CDM ကျန်းမာရေး ဝန်ထမ်း ၃၉ ဦးကို ယနေ့ ဇွန်လ ၇ ရက်နေ့တွင် ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မမူစဲက ၁ ဦးလျှင် ၁ သိန်းကျပ်နှုန်းဖြင့် ၃၉ သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • အကြမ်းဖက်စစ်တပ်က ဘာသာရေးအဆောက်အဦး‌များကို ပစ်မှတ်ထား တိုက်ခိုက်ရာ ဦးဇင်းတပါး ၊ ကလေးတဦးနှင့် ပြည်သူ ၂ ဦး စုစုပေါင်း၄ဦးသေဆုံးသွားကြောင်း KNU ဗဟိုက သတင်းထုတ် ပြန်သည်။ 

  • ပဲခူးတိုင်းဒေသကြီး၊ KNU တပ်မဟာ ၃နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့နယ်မှာရှိသည့် ရဲစခန်း နှင့် စစ်ကောင်စီတပ်စွဲထားသောနေရာများကို  KNLAနှင့် PDF ပူးပေါင်းတပ်မျာားက ဝင်ရောက်တိုက် ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃၀ ကျော် သေဆုံး ခဲ့ကြောင်း သိရသည်။ 

  • မြစ်ကြီးနားမြို့က တည်းခိုခန်းတစ်ခုတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )အရာရှိ နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံသတင်းရင်းမြစ်များက ဆိုသည်။ 

  • စစ်ကောင်စီ၏ လေကြောင်း ထောက်ပို့ကို ဖြတ်တောက်ရန် ပြည်သူများထံမှ အလှူငွေကောက်ခံကာ ပွိုင့် 5 ဝယ်ယူခဲ့သည့် စက်လက် ပွိုင့် 5 ရောက်ပြီဖြစ် ကြောင်း KNDF ကသတင်းထုတ်ပြန်သည်။ 

  • ကယား (ကရင်နီ)ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များကို တော်လှန်တိုက်ခိုက်နေသည့် ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) နှင့် ပူးပေါင်းတပ်ဖွဲ့ များမှ ငါးကြင်းမြီး (ခေါ်) MG 3 သေနတ် ဝယ်ယူနိုင်ရေးအတွက်  ကမ်ပိန်းလှုပ်ရှားမှု တစ်ခု ပြုလုပ်နေကြောင်း သိရသည်။ 

 

စစ်ကောင်စီ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကြိုးတံတားကျေးရွာချောင်းအနီးတွင် စစ်ကောင်စီက ထောင်ထား သည့် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး ညာဘက်ခြေထောက် အပြင်းအထန်ဒဏ်ရာ ရသွား ကြောင်း ဒေသခံများကပြောသည်။ 

  • ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်၊ ရွှေဆင်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့် သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ရန်ကုန်တိုင်း၊ ရန်ကင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော အမျိုးသားရေး အ စွန်း ရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူအဖြစ် စစ်တပ်၏ စွပ်စွဲဖမ်းဆီးမှု ခံရသော ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ယမန်နေ့ညပိုင်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။ 

  • အကြမ်းဖက်စစ်ကောင်စီ၏ MPT ဆင်းမ်ကတ်များ မှတ်ပုံတင် တင်ပြီးသော်လည်း မတင်ရသေးဆိုကာ ဖုန်းဆက်အကြောင်းကြားမှုများကြောင့် သုံးစွဲသူအတော်များများ အခက်တွေ့နေကြရကြောင်းသိရသည်။ 

  • နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဉ် ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ အဂ္ဂိဈာပန အခမ်းအနား အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြ ထားသည်။ 

  • လီလီနိုင်ကျော် သေဆုံးမှုသတင်းအောက်တွင် မှတ်ချက်(ကွန်မန့်)ဝင်ရေးမိသည့် ဧရာဝတီတိုင်းက ရဲအုပ် အငြိမ်း စားတစ်ဦးကိုသက်ဆိုင်ရာက စစ်ကောင်စီ ဖမ်းဆီးလိုက်ကြောင်း တပ်ဖွဲ့ အသိုင်းဝိုင်းကနေ သိရသည်။ 

  • မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်က စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်များကို (11)KV လိုင်းနှင့် လျှပ်စစ် ဓာတ်အား စတင်ပေးနိုင်တော့မည်ဖြစ်ကြောင်း အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောသည်။ 

ဇွန် ၇ ရက် သုံးသပ်ချက် 

  • ယနေ့ရရှိထားသည့်အချက်အလက်များအရ အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ပြည်သူများစစ်ရှောင်နေသည့်နေရာများကို ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်နေသည်ကို တွေ့ရသည်။ 

  • စစ်ကောင်စီသည် လူမှုကွန်ရက်တွင် မှတ်ချက်ပေးရုံမျှဖြင့် ဖမ်းဆီးကာ ပြည်သူလူထုကို ဖိနှိပ်နေသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly