နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ ဇွန်  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ ဇွန်  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ကျရောက်သည့် (၄၉) နှစ်ပြည့် အလုပ်သမားသပိတ် လှုပ်ရှားမှုနေ့သို့ သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇွန် ၅ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို ဇွန် ၅ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲပြုလုပ်ခြင်း သစ်ပင်စိုက် ပျိုးခြင်းနှင့် အမှိုက်ကောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။  

  • ပြီးခဲ့သည့် မေလအတွင်း တိုင်းနှင့် ပြည်နယ်များတွင် စစ်ကောင်စီတပ်ကြောင့် ကလေးသူငယ် ၁၉ ဦးအပါအဝင် အရပ်သား ၁၂၉ ဦးသေဆုံးခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တရားရေး ဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင် ကူးပြောင်းရေးကာလတရားမျှတမှု ဆိုင်ရာဦးစီးဌာနက မေလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ရှိ ကျေးရွာများစုပေါင်းထားသော ကျေးရွာ ပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၁၀ ရက်မြောက်အဖြစ် ဇွန်လ ၆ ရက် ယနေ့ တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့သည်။ 

  • စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ရှိ ကျေးရွာများစုပေါင်းထားသော ကျေးရွာ ပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၁၀ ရက်မြောက်အဖြစ် ဇွန်လ ၆ ရက် ယနေ့ တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့သည်။ 

  • စစ်ကိုင်းတိုင်း။ ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးကားလမ်းဘေးရှိ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(နမခ) ဘက်စုံခြံတွင် အစောင့်ချထားသောစစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတယောက် သေဆုံးခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း တစ်နေရာ၌ Danger Force LPDF တပ်ဖွဲ့ တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိ တစ်ဦးက ပြောဆိုသည်။ 

  • ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နှင့် လက်ပံချောင်းရွာထဲကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း CNO Upper Chindwin Region –UCR မှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းတွင် ဖြတ်သန်းသွားလာနေသည့် စစ်ကားကြီး ၂ စီးကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ် One Way Revolution Forceမှ သိရသည်။ 

  • မြို့ပြပြောက်ကျား ၁၆ ဖွဲ့ဖြင့်ဖွဲ့စည်းထားတာ ရန်ကုန်တွင် စစ်ဆင်ရေး မစ်ရှင်များဖော်ဆောင်နေသည့် Yangon UG Association မှ "ရန်ကုန်အတွက် အတိုနှစ်လက်" ကမ်ပိန်းပြုလုပ်နေကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)သတင်းများ လိုက် လံစုံစမ်းနေ သောစစ်မှုထမ်းဟောင်းလှမိုး ဇွန်လ ၄ ရက်နေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း PDF တပ်ဖွဲ့နှင့် ဒေသခံများက မဇ္ဈိမကို အတည်ပြု ပြောသည်။ 

  • ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်၏ အဓိကထောက်ပို့လမ်းကြောင်းပေါ်တွင်တည်ရှိနေသော တံတား နှစ်စင်းအား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမ− BPDF Yoma မှ ထုတ် ပြန်ထားသည်။ 

  • တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ယနေ့ ဇွန်လ ၆ ရက်နေ့၌ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူများ တွေ့ဆုံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်နှင့် ပေါက် မြို့နယ်တွင် ပျူစောထီး စခန်းနှင့် ပျူစောထီးကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ 

  • မိုးညှင်းမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) မှ ရဲဘော် ကိုဟိန်းမင်းထက် (ခ) ရဲဘော် အာကာ ကျဆုံးခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် "နှောင်ကြိုးမှတစ်ပါးဆုံးရှုံးစရာမရှိ" စာတန်းချိတ် ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားမှာ လွိုင်ကော်မြို့တစ်မြို့ သာကျန်ရှိနေပြီး ကျန်ဒေသများသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း KNDF ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် စစ်ရေး သတင်းအချက်အလက်များထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ 

  • ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ထဲသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF B-03)၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF)ပူးပေါင်းတပ်တို့ ဇွန်လ ၅ ရက်နေ့ နံနက်မှညနေအထိ တစ်နေ ကုန် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

  • ချင်းလဲန်းဒေသအတွင်း “မိုခါ” ဆိုင်ကလုန်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူ ထောင်နိုင် ရန်အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ငွေကျပ် သိန်း ၂,၀၀၀ ထောက်ပံ့ကူညီ ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကို ပြောသည်။ 

  • KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင် ယနေ့ ဇွန်လ ၆ ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေကြောင်း တပ်မဟာ(၃) KNLA နှင့် ဒေသခံများထံမှ သိရသည်။ 

  • ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ ထန်တလန်မြို့နယ်ဖက်သို့ စစ်ကြောင်းထိုးသည့်အတွက် တိုက်ပွဲများ ပြင်းထန် နေကာ ဇွန်လ ၅ ရက်နေ့ကဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားငါးဦး သေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှတဦးကျဆုံး၊ တဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

  • ရှမ်းပြည်နယ် အထူးဒေသ(၁) မုံးကိုးခရိုင် ပန်းဆိုင်ဒေသမှာ ရာဇဝတ်ဂိုဏ်းတစ်ခုကို ကိုးကန့်တပ်(MNDAA) က ဇွန်လ ၅ရက်နေ့က ထောင်ဒဏ် ၁၀နှစ်အထိ စီရင်ချက်ချမှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ချက်များ အရ သိရသည်။ 

 

စစ်ကောင်စီ 

  • ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကို ရောင်းချခဲ့ပြီးဖြစ်သည့် စစ်လက်နက်ပစ္စည်းများကို ပြန်ဝယ်နေ သည်ကိုသံသယဖြစ်ဖွယ် တွေ့ရကြောင်း ဇွန်လ ၅ ရက်ထုတ် Nikkei Asia သတင်းမှာဖော်ပြထားသည်။ 

  • အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသုံးပြုခွင့်ကန့်သတ်ထားသည့် လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများ ဖြန့်ချိရန် ကြိုးပမ်းရာ မအောင်မြင်ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးက ဝန်ခံပြော ဆိုသည်။ 

  • အစွန်းရောက် မဘသ နှင့် အစွန်းရောက်အမျိုးသားရေးသမား လီလီနိုင်ကျော်ကို ရှင်းလင်းခဲ့သူများဖြစ်သည့် ကိုကောင်းဇာနည်ဟိန်းနှင့် ကိုကျော်သူရဆိုသူတို့ကို ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခု၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးမှ ထုတ်ပြန်ထားသည်။  

  • ပလတ်စတစ် ညစ်ညမ်းမှုကို လျော့ကျစေရန် 3R စနစ်ဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချခြင်း တစ်ခါ သုံး ပလတ်စတစ်သုံးစွဲမှုရှောင်ကြဉ်ပြီး ပြန်လည်အသုံးပြုခြင်း (Reuse)နှင့် စွန့်ပစ်ပလတ် စတစ် ပစ္စည်း များကို ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle)တို့ကို ရေရှည်အစီအမံများ ချမှတ် ဆောင် ရွက်ခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဖြေရှင်းကြရန် အကြမ်းဖက် မင်းအောင်လှိုင် မှပြောပြန်သည်။ 

ဇွန် ၆ ရက် သုံးသပ်ချက် 

  • အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ပဲခူးတိုင်းအတွင်းက ရှေ့ တန်းစစ်မျက်နှာပြင်ကို ရောက်ရှိပြီးနောက်ပိုင်း PDF နှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တိုက်ခိုက်မှု ပိုများလာသလို အကြမ်းဖက်စစ်တပ်ဘက်မှလည်း လေယာဉ်များနှင့် လက်နက်ကြီး များ အသုံးပြု၍ ပိုမိုတိုက်ခိုက်လာသည်ကို တွေ့ရသည်။ 

  • တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များအရ စစ်ကောင်စီ၏ စိုးမိုးနယ်မြေများမှာ ယခုလပိုင်းတွင် ပိုမိုနည်းပါးလာသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly