ပြည်သူတွေ နေရေး၊ စားရေးအခက်အခဲဖြစ်အောင် စစ်ကောင်စီ တမင်လုပ်နေတာလား

06 June 2023
ပြည်သူတွေ နေရေး၊ စားရေးအခက်အခဲဖြစ်အောင် စစ်ကောင်စီ တမင်လုပ်နေတာလား

စစ်ကောင်စီတပ်တွေရဲ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေဟာ ပြီးခဲ့တဲ့ မေလ တစ်လတည်းမှာတင် နေအိမ်အလုံးပေါင်း ၄၀၀၀ ကျော် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ မီးသတ်ဦးစီး ဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီ တပ်တွေက စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး စစ်ကိုင်းတိုင်း တစ်တိုင်းတည်းတင် နေအိမ်ပေါင်း ၃၀၀၃ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်နဲ့ ဖော်ပြတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ အသိပေးထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly