မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့ပြီးဖြစ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ရုရှားပြန်ဝယ်နေ

06 June 2023
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့ပြီးဖြစ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ရုရှားပြန်ဝယ်နေ

ရုရှားဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့ပြီးဖြစ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ပြန်ဝယ်နေတာ သံသယဖြစ်ဖွယ် တွေ့ရကြောင်း ဇွန်လ ၅ ရက်ထုတ် Nikkei Asia သတင်းမှာဖော်ပြထားပါတယ်။

Nikkei အကောက်ခွန်ရှင်းလင်းရေးအချက်အလက် ခွဲခြမ်းစိတ်ဖြာမှုစစ်တမ်းမှာ မြန်မာနဲ့အိန္ဒိယကို တင်ပို့ထားတဲ့ စစ်သုံးတင့်ကားတွေနဲ့ ဒုံးကျည်အစိတ်အပိုင်းတွေကို ရုရှားကပြန်ဝယ်နေတာနဲ့ ပတ်သက်ပြီး စာရင်းပြုစုထားတာဖြစ်ပါတယ်။

 ရုရှားဟာ စစ်ဘက်ဆိုင်ရာဆက်ဆံရေးရှိခဲ့တဲ့ နိုင်ငံတွေကို သူရောင်းချထားတဲ့ စစ်လက်နက်အစိတ်အပိုင်းတွေကို ပြန်လည်ဝယ်ယူပြုပြင်ပြီး ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ ဖြစ်နိုင်တယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

ယူရယ် ဗက်ကွန်ဇာဗို့ဒ် (UralVagonZavod) လို့ခေါ်တဲ့ ရုရှားစစ်သုံးစက်ပစ္စည်းကုမ္ပဏီတစ်ခုကထုတ်လုပ်ပြီး မြန်မာနိုင်ငံကို တင်ပို့ထားတဲ့ အမေရိကန်ဒေါ်လာ ၂၄ သန်းဖိုးရှိတဲ့ စစ်သုံးတင့်ကားတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ရုရှားနိုင်ငံထဲ ပြန်လည်တင်သွင်းခဲ့တယ်လို့ စစ်တမ်းမှာ ပါရှိပါတယ်။

ပြန်လည်တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးတဲ့စနစ်မှာ ဖော်ပြတဲ့ ကုဒ်နံပါတ်တွေအရ စစ်သုံးအဝေးကြည့် မှန်ပြောင်း ၆၇၇၅ ခုနဲ့ ၊ သံချပ်ကာတင့်ကားတွေမှာ သုံးတဲ့ ကင်မရာအလုံး ၂ဝဝ ကို ရုရှားကုမ္ပဏီက ပြန်ဝယ်ခဲ့ပါတယ်။ 

ရုရှားဟာ ပြင်ဆင်ပြီးပစ္စည်းတွေကို အိန္ဒိယကို ပြန်ပို့ကောင်းပို့ခဲ့မှာဖြစ်ပေမဲ့ ဒီနှစ်မတ်လအထိတော့ အဲဒီပစ္စည်းတွေကို ပြန်ပို့တဲ့ မှတ်တမ်းမတွေ့ရဘူးလို့ ဆိုပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly